""ကျတော့်အသည်းလှူမယ်ဆိုရင်ကော??""

""သားငယ်!!""

ညီ့မိဘနှစ်ယောက်လုံးသာမက ကျတော့်မေမေ
ပါ အထိတ်တလန့်ဖြစ်သွားရသည်

""အသည်းအစားထိုးဖို့ဆိုတာ သွေးအမျိုးအစား
တူရုံတစ်ခုတည်းနဲ့ လုပ်လို့ရတဲ့Operation
မဟုတ်ဘူး။သွေးသားထဲက လူတွေတောင်မတူ
တတ်တာတွေရှိတတ်တော့--""

"ဘာလို့မတူနိုင်ရမှာလဲ
ိကျတော့်ကိုစစ်ဆေးစရာတွေရှိတာစစ်ဆေးကြည့်ပါ။ကျတော်တို့ စိတ်တွေတောင်ထပ်တူကျနေတာ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေကဘာလို့မတူရမှာလဲ

"သား ထင်သလောက် ကိစ္စတွေက မရိုးရှင်းဘူး"

""ဘာလို့လဲ??ဘာလို့ စမ်းသပ်တောင်မစမ်းသပ်
ကြည့်ရသေးပဲ မဖြစ်နိုင်ဘူးဆိုတာတွေပြောနေရ
တာလဲ??ကျတော်ယုံတယ်။ကျတော်နဲ့ညီက
မတူစရာဘာအကြောင်းမှ မရှိဘူး""

""သားငယ်ရယ် စိတ်ထိန်းပါအုံး""

""မထိန်းနိုင်ဘူး မေပြုံး။ကျတော် ညီ့ကို ရအောင်
ကယ်မှာ။ဒီဆေးရုံမှာ မရရင် နောက်ဆေးရုံကို
ပြောင်းမယ်။""

""ဟုတ်ပါပြီ။သား စစ်ဆေးချင်တယ်ဆိုစစ်ဆေး
ပေးမယ်။ဒါပေမယ့် ခုတော့chemotherapy
နဲ့ Cellတွေလျော့နည်းအောင်လုပ်ကြမယ်။ပြီးမှ
ခွဲစိတ်ကြတာပေါ့။အကယ်၍ဒီနည်းကိုလုပ်ဖို့
အောင်မြင်ဖို့ဆိုတာလူနာကုသမှုတွေအပေါ်ခံနိုင်
်စွမ်းအားပေါ်မူတည်နေသေးတော့ ခုချိန်လူနာလို
အပ်ဆုံးက အားပေးမှုပဲ။ခုနောက်ဆုံးအဆင့်ကို
မစဉ်းစားခင် ခုချိန် လူနာရှင်အနေနဲ့လူနာကိုအား
ပေးနှိမ့်သိမ့်တာက အကောင်းဆုံးနည်းလမ်းပဲ""

ဖြတ်သန်းလာခဲ့ဖူးသော ပူဆွေးမှုရာပေါင်းများစွာ
ကိုမျက်မြင် တွေ့ကြုံခဲ့ဖူးသော ဆရာဝန်ကြီးက
ကျတော့်ပူဆွေးမှုတွေအားသ​ဘောထားကြီးကြီး
နဲ့ နားလည်​​ပေးသည်

""ခုချိန် သား ဘယ်လိုခံစားနေရမလဲဆိုတာDr
သိတယ်။ဖြစ်လာသမျှကိုသားတို့အတူတူရင်ဆိုင်
နိုင်မယ်လို့လဲ ယုံကြည်တယ်။ခုတော့ လူနာ
အားမငယ်ရအောင် သားကအတတ်နိုင်ဆုံး
ဖေးမစောင့်ရှောက်ပေးလိုက်။ဟုတ်ပြီလား?""

ညီWhere stories live. Discover now