""မနက်ဖြန် မမချိုတို့ပွဲရှိသေးတယ်လေ။ခုချိန်ခရီး
ထွက်ရင် ဘယ်လိုလုပ်အဆင်ပြေမလဲ??အိမ်မှာ
လည်းဘယ်သူ့မှမရှိဘူး။ပြီးတော့ ကျတော်တို့ပိုက်
ဆံလည်းမပါလာဘူး--နောက်--""

""တော်ပါတော့!!-""

ကျတော်အော်ဟစ်လိုက်မိသည်။ညီ့အားလေသံမာမာနဲ့တောင်ပြောဖို့ရန် တွန့်ဆုတ်တတ်သည့်ကျတော်ကခုညီ့ကိုအော်
လိုက်တာ။
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မယုံနိုင်သလိုပြန်
ကြည့်လာသော ညီ့လက်ကို ဆွဲကာကားရှိရာသို့
သာဆွဲခေါ်လာလိုက်မိတော့၏

ဒါပေမယ့်ကျတော်ချစ်မိတာ ကျတော်ခေါ်ဆောင်
ရာသို့ အားနွဲ့စွာရှုန်းကန်အော်ဟစ်ရင်းလိုက်လာ
မည့် မိန်းမပျိုလေးတစ်ယောက်မှမဟုတ်ပဲ

""ကျတော်မောင်းမယ် ကိုဇက်""

တည်တည်ငြိမ်ငြိမ်နှင့်စူးစူးစိုက်စိုက်ကြည့်ကာ
ပြောလိုက်သော ညီ့အသံလှိုင်းတွင် အာဏာတစ်
မျိုးကိန်းဝပ်နေ၏။နူးညံ့သောအမိန့်တော်မဟုတ်
်ပေမယ့် ဖြစ်တည်မှုကိုလေးစားစွာကျတော်သူ၏
အာဏာစက်အောက်ဦးညွှတ်မိသည်

""ကို့ ကိုမယုံတာလား??ညီ သဘောမတူရင်
မသွားပါဘူး။""

""ကျေးဇူး""

ခပ်တိုးတိုးတစ်ခွန်းသာ ဆိုဟလျက် ကားမောင်း
သူနေရာတွင်ဝင်ထိုင်၏။ရင်တစ်ခုလုံးမွန်းကြပ်
လာရသည်။
ညီကတော့တည်တည်ငြိမ်ငြိမ်။ကျတော့်ကိုလည်း
ကြည့်မနေ။
ကျတော်ခံစားရခက်သည့် ခံစားချက်ကြီးက
ကျတော့်ရင်ထဲ အသံတိတ်ပေါက်ကွဲနေတာ။
ကျတော်သိလာတာ။မဟုတ်ဘူး ကျတော်သေချာ
သွားတာ။
ညီခဏခဏပြောဖူးတဲ့စကားရှိတယ်။

လူတစ်ယောက်နဲ့ ခွဲမနေနိုင်ဖူးဆိုတာထက်အဲ့လူ
နဲ့ဘယ်လောက်ကြာကြာအတူတူနေနိုင်မလဲ
စဉ်းစားရမှာတဲ့

သေချာတယ်။ညီဆိုတာဟာ ကျတော်အချိန်အ
ကြာကြီးမခွဲတူတူရှိနေခဲ့သလို ကျတော်ခွဲပြီးမနေ
နိုင်သူ။

ကားတစ်စီးလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ပြည်လမ်းမကြီးပေါ်ပုံမှန်ထက်ပိုသောအမြန်နှုန်းပြေးလွှားနေ

ညီWhere stories live. Discover now