Part - 18

7.1K 493 118
                                    

" ဒါ ဘာလုပ်တာလဲ.. Byun Sam ! "

" ထွက်စာပါ.. ကျောင်းအုပ်ကြီး!  ကျနော်လည်း မကြာခင် အိမ်ထောင်ပြုတော့မှာမို့ ။ ဒါမယ့် Park Chanyeol ရဲ့ အမှတ်မကောင်းမှာ စိတ်​မပူပါနဲ့  အောင်စာရင်းထွက်ရင် ကြည့်လိုက်ပါ.."

" Byun Sam ကြည့်ရတာ ကျနော့်ကို မကြည်တဲ့ပုံပဲ.. စိတ်မရှိပါနဲ့ဗျာ။ အဲ့ဒီတုန်းက ပညာရေးမှူးကိုယ်တိုင်က Park Chanyeol အဆင့်ထိုးကျသွားတာနဲ့ ပက်သက်ပီး ကျနော့်ကို တော်တော်ဖိအားပေးခဲ့လို့ပါ..
Byun Sam ကို ကျနော် တောင်းပန်ပါတယ် "

" ပညာရေးမှူး? ဘယ် ပညာရေးမှူးလဲခင်ဗျ ? "

" ကျနော်တို့ မြို့နယ် ပညာရေးမှူး Gu Wan Char ပါ "

ဪ.. လက်စသတ်တော့ Gu Eunmi လက်ချက်ပဲ.. ဘယ်လောက်ပဲတော်တဲ့ ကျောင်းသားဖြစ်ပါစေ..ကျောင်းအုပ်က သူနဲ့ သွေးသားတော်စပ် ၊ ရင်းနှီးမှုတစ်စက်မရှိတဲ့ ကျောင်းသားအပေါ် serious ဖြစ်လွန်းလှတယ်မှတ်နေတာ။
အဖေအားကိုးနဲ့ Gu Eunmi လုပ်ကြံခဲ့တာပဲ..
သူနဲ့ Chanyeol ကို အစတည်းက သွေးခွဲဖို့ ကြံစည်ခဲ့တာပဲ။
ပီးတော့ သူမကပဲ ကယ်တင်ရှင်လိုလို.. ရွံ့ဖို့ကောင်းလိုက်တာ 😏😏

ဘာပဲဖြစ်​ဖြစ်​ ကျောင်းအုပ်နဲ့ ကိစ္စတော့ ရှင်းပီးပီ။
Gu Eunmi.. နင့်အလှည့်ပဲ။ နင် ငါ့ကြောင့် အမြဲစိတ်ဆင်းရဲစေရမယ် 😌

" Sam!! Baek.."

ကျောင်းအုပ်ရုံးခန်းထဲက ထွက်လာပီး စာမေးပွဲခန်းရှေ့ လာစောင့်နေလိုက်တော့ Chanyeol က စောစီးစွာ အခန်းထဲက ခုန်ပေါက်ထွက်လာသည်။

" ဘယ်လိုတွေ ဖြစ်နေတာလဲ..သူများတွေမပီးသေးဘူးလေ။ တိုးတိုးနေမှပေါ့..ပီးအောင်ဖြေခဲ့ရဲ့လား "

" ဟွန်းးးး မေးစရာလိုသေးလို့လား သွားမယ်​ သွားမယ်​ "

" ဘယ်ကိုလဲ! "

" အချစ်အိမ်လေးကို 😘 "

>>>>>>>>

" Ya !! Ya !! Park Chanyeol.. နေ့လည်စာ မစား​တော့ဘူးလား "

နံနက်တည်းက Chanyeol နဲ့ အတူ ကျောင်းလိုက်သွားပီး ခုတစ်ခါတည်း သူဖြေပီးမှ တူတူပြန်လာတာမို့ အိမ်မှာစားဖို့ဘာမှမရှိ။
အပြင်ထွက်စားရအောင် ဆိုလည်း လက်မခံ။
အိမ်မှာပဲ ဟင်းချက်ပေးပြန်တော့လည်း အနောက်ကနေ တကုပ်ကုပ် လိုက်ဖက်နေပြန်သည်။

You've reached the end of published parts.

⏰ Last updated: Nov 03, 2016 ⏰

Add this story to your Library to get notified about new parts!

Baby Park & Teacher ByunWhere stories live. Discover now