Part - 8

4.3K 477 11
                                    

ရာသီဥတု​အေး​အေး​လေးမှာ ​ရေကလည်း ခပ်​​အေးစိမ့်​စိမ့်​​လေးမို့ ကိုယ်​လက်​သန့်​စင်​​နေတဲ့ Baekhyun အရသာ​တွေ့​နေသည်​။
အိမ်​မှာဆို ​ရေပူ​ရေ​အေး စပ်​ပီးချိုးတာမို့ ​ရေချိုးခြင်းက လန်းဆန်းမှုတမျိုးကိုသာ ​ပေးစွမ်းနိုင်​သည်​​လေ..

ခု​တော့ ​ရေထိလိုက်​တိုင်း စိမ့်​ခနဲ ဖြစ်​ဖြစ်​သွားတဲ့ ​အေးစိမ့်​မှု​ကြောင့်​ လက်​ရှိ​နေရာက ​ကျောင်း ဟူ​သော အသိကိုပင်​ ​မေ့​ပျောက်​​စေပီး ပတ်​ဝန်းကျင်​ကို ​မေ့​လျော့​နေမိသည်​။

" ခုချက်​ချင်း အကျီ်​ဝတ်​လိုက်​ပါ! hyung !! "

ငင့်​! ​ဒေါနဲ့​မောနဲ့ ​ပြောတဲ့အသံကြားလို့ ကြည့်​လိုက်​​တော့ သူ့ခန္ဓာကိုယ်​တခုလုံး အကြည့်​စူးစူး​တွေနဲ့ ထွင်း​ဖောက်​မတတ်​ကြည့်​​နေတဲ့ Chanyeol..

" Chan..Yeol ! "

သူ့အကြည့်​​တွေ​ကြောင့်​ ကိုယ်​ခန္ဓာ ကို ကျုံ့လိုက်​ပီး ရင်​ဘတ်​ကို လက်​နှစ်​ဖက်​နဲ့ သိုင်းယှက်​မိ​တော့မှ ကိုယ်​​တော်​​လေးက အကြည့်​လွှဲရင်း စကားဆိုပြန်​သည်​..

" ​ကျောင်းသား​တွေ လာ​တော့မှာမို့လို့...အဲ့ဒါ! အကျီိဝတ်​လိုက်​​နော်​..သွား​တော့မယ်​ "

အိ ! ဟုတ်​သား..ဒီ​နေရာက ​ကျောင်းဆိုတာ ​မေ့​နေမိတာပဲ။
ထိုအခါမှ Byun Baekhyun တ​ယောက်​ ကမန်းကတန်း အကျီ်​​ကောက်​ဝတ်​ရင်း နားရွက်​ကားကား​လေး​တွေ နီရဲသွားတဲ့ ​ကျောင်းသား​လေးရဲ့ ​ကျောပြင်​ကျယ်​ကြီးကို နှင်းမှုန်​​တွေကြား လှမ်းကြည့်​မိရင်း ပြုံးမိသွားသည်​။

// သူကရှက်​သွားတာလား? ရှက်​ရမှာ ငါကို ! hk hk //

>>>>>>>>

" ကဲ..ဒီ​နေ့​တော့ ဒီ​လောက်​ပဲ ! နှုတ်​ဆက်​မ​နေနဲ့​တော့..စာပီး​အောင်​ကူးကြ။ "

" Nae !!!!!!! "

Chapter အသစ်​ရဲ့ formula ​တွေကို whiteboard ​ပေါ် ချ​ရေးပြပီး ကူး​စေရင်း Baekhyun အတန်းကို အဆုံးသတ်​လိုက်​သည်​။

" Sam! "

" Chanyeol ya.."

" Sam..ဒီနို့​ဗူး​လေး ယူသွားပါ​နော်​..ပီး​တော့ ဒီ ဘာဂါ​လေး​ရောပဲ ယူသွား​ပေးပါ​နော်​.."

Baby Park & Teacher ByunWhere stories live. Discover now