Part - 4

4.9K 545 5
                                    

* တီ~~တီ~~တီ *

နှိုးစက်​မြည်​သံ တတီတီက အိပ်​လို့အ​ကောင်းဆုံး နံနက်​အ​စောဆုံးအချိန်​ရဲ့ အဖျက်​အဆီးပါပဲ။

ဒီလိုပဲ...​နေ့တ​နေ့ကို ဖန်​တီးအစပြုဖို့ နှိုးစက်​ကိုပိတ်​ပီး ကျ​နော်​ အိပ်​ရာက ထရပြန်​ပီ​ပေါ့~

ကျောင်းပိတ်​ရက်​ဆိုရင်​​တော့ ကျ​နော်​ နှိုးစက်​ပိတ်​ပီး ပြန်​အိပ်​တာ​ပေါ့~

ထုံးစံအတိုင်း သွားတိုက်​တံကို ပါးစပ်​မှာတပ်​ပီး ခပ်​မြူးမြူး​တေးသံတပုဒ်​ ဖွင့်​ပီးချိန်​ဆို နာရီကြည့်​​နေစရာမလိုဘူး~ အဲ့ဒါ 6:03 AM!

သုံးမိနစ်​စာ ​တေးသွားတပုဒ်​ပီးဆုံးသွားတဲ့အချိန်​မှာ​တော့ ကျ​နော်​ ကိုယ်​လက်​သန့်​စင်​ပီးသွားပီ~

* ​ချောက်​ *

ရပီ။ တပုဒ်​တည်းဆိုလုံ​လောက်​တယ်​။ ငြိမ့်​​ညောင်းသာယာတဲ့ classic music မဟုတ်​တဲ့ Rock music ခပ်​ပြင်းပြင်းက နံနက်​ခင်း အိပ်​ရာထတဲ့အချိန်​မှာ တပုဒ်​ဆို လုံ​လောက်​တယ်​​လေ~ မဟုတ်​ရင်​ ​ခေါင်းကိုက်​တယ်

ပေါင်​မုန့်​နှစ်​ချပ်​၊သုံးချပ်​ကို ​ပေါင်​မုန့်​မီးကင်​စက်​ထဲ ထည့်​လိုက်​ပီး စက်​​ဖျော်​​ကော်​ဖီတခွက်​ကို စက်​ကထုတ်​လိုက်​တယ်​~

ရပီ! ကျ​နော့်​နံနက်​စာပြင်​ဆင်​မှု ပီးပီ~

* တီး​တောင်​ *

စော​စောစီးစီး ဘယ်​သူပါလိ​မ့်​~

စက်​ထဲက ထုတ်​လိုက်​တဲ့ ပူပူ​နွေး​နွေး ​ပေါင်​မုန့်​တချပ်​ကို ပါးစပ်​မှာကိုက်​ပီး တံခါးဖွင့်​လိုက်​​တော့ တင်းမာခက်​ထန်​​နေတဲ့ မျက်​နှာထားနဲ့ ကျ​နော့်​ကို စိုက်​ကြည့်​​နေတဲ့သူမ...

" Byun Baekhyun! မင်း တ​ယောက်​တည်း လွတ်​လွတ်​လပ်​လပ်​​နေချင်​တယ်​ဆိုတာ ဒီလိုဖြစ်​ချင်​တိုင်းဖြစ်​ ​နေဖို့လား "

သူမပါးစပ်​က ​ဒေါသသံခက်​ထန်​​နေတဲ့ အသံလှိုင်းတခုထွက်​လာ​တော့ ကျ​နော့်​ပါးစပ်​က ​ပေါင်​မုန့်​​လေးလည်း ကြမ်းပြင်​​ပေါ် အလိုလိုပြုတ်​ကျသွားပီး သူမကိုအထိတ်​တလန့်​​ခေါ်လိုက်​မိတယ်​။

Baby Park & Teacher ByunWhere stories live. Discover now