Part - 1

12.1K 680 9
                                    

" Yeobosayaw!!! Eunmi နင်​မလာ​သေးဘူးလား ငါ ဒီမှာ​စောင့်​​နေတယ်​ "

"........."

" ဟုတ်​လား ​အေး.....​အေး အဲ့ဒါဆို ငါသွားနှင့်​ပီ​နော်​ "

Eunmi နဲ့ ဖုန်း​ပြောပီး သွားမယ်​ဆိုမှ သတိရတယ်​။ Dara Sunbae ​နေတဲ့ ဂန်းဝန်းဒိုရပ်​ကွက်​ထဲ​ရောက်​​နေ​သော်​လည်း ကျ​နော်​မှ အိမ်​လိပ်​စာမှမသိတာ။

သိတဲ့ Eunmi နဲ့ တူတူသွားဖို့ ချိန်းထား​ပေမယ့်​ သူက အစည်းအ​ဝေး ရှိလို့ ​နောက်​ကျမယ်​ဆို​တော့ ဖုန်းထပ်​မဆက်​​တော့ဘဲ သူ့ကိုပဲ​စောင့်​​နေ​တော့မယ်​။

အာ....ပါးစပ်​ကချဉ်​လာပီ!

Baekhyun ရုတ်​တရက်​ကြီး ပါးစပ်​ချဉ်​လာသဖြင့်​ စီးကရက်​​သောက်​ရန်​ ကားထဲကထွက်​လိုက်​သည်​။

ပီး​တော့ သူ့ကားစက်​ဖုံး​ရှေ့ကိုမှီရင်း စီးကရက်​တလိပ်​ကို အာသီသပြင်းပြစွာ ​သောက်​လိုက်​​တော့သည်​။

စီးကရက်​တလိပ်​ကုန်​​လောက်​တဲ့အချိန်​မှာ​တော့ သူ့မျက်​စိ​ရှေ့ထဲဝင်​လာတဲ့ ​ကောင်​​လေးတ​ယောက်​။ စက်​ဘီး​လေးကို လက်​ကတွန်းရင်း ​ဖြေး​ဖြေးမှန်​မှန်​ လမ်း​လျှောက်​လာ​နေသည်​။

အင်း...​ကောင်​​လေး က ဒီရပ်​ကွက်​ထဲကလားမသိဘူး...Dara Sunbae အိမ်​ သိမလားသိဘူး ​မေးကြည့်​မှပဲ.....

Baekhyun အ​တွေးနဲ့အတူ ဆန္ဒ ကို အ​ကောင်​အထည်​ ​ဖော်​ရန်​ သူ့​ခြေ​ထောက်​​တွေကို ​ကောင်​​လေးအနား လှမ်းလိုက်​သည်​။

>>>>>>>>>>>><<<<<<<<<<<<<

Chanyeol တ​ယောက်​ သူ့အ​မေ ခိုင်းတဲ့အတိုင်း သူ့​ဒေါ်​လေး Dara ဆီ ကင်​မ်​ချီ​​ဗူး ​ပေးဖို့ စက်​ဘီးစီးထွက်​လာရင်း ဘီး​ပေါက်​သွားသဖြင့်​ စက်​ဘီးကို လက်​နဲ့တွန်းရင်း လမ်း​လျှောက်​လာ​နေရသည်​။

တော်​​သေးတာ​ပေါ့....​ဒေါ်​လေးတို့ရပ်​ကွက်​နဲ့ သူတို့ရပ်​ကွက်​နီးလို့။

ပီး​တော့ ​ဒေါ်​လေးတို့ရပ်​ကွက်​ထဲ​ရောက်​မှ ဘီး​ပေါက်​သွားတာဆို​တော့ လမ်းသိပ်​​လျှောက်​စရာ မလို​တော့​ပေ။

Baby Park & Teacher ByunWhere stories live. Discover now