Part - 12

3.9K 440 8
                                    

°• Park Chanyeol~! နင်​ ဒီလ အဆင့်​တစ်​ မရရင်​​တောင်​ တစ်​က​နေငါး အတွင်း မဝင်​ဘူးဆို နင့်​အ​ဖေ ဘာမှမလုပ်​ခင်​ ငါ နင့်​ကိုအရင်​လာရိုက်​မယ်​ !! •°

ဟူးးးးးးးးး ​နေ့လည်​က အိမ်​လာပီး ကြိမ်းဝါးသွားတဲ့ ​ဒေါ်​လေးရဲ့ စကားတို့က သူ့ကို တုန်​လှုပ်​​ခြောက်​ခြား​စေသည်​။ တစ်​က​နေငါး အတွင်း​တော့ မဝင်​နိုင်​ပါ။ ကိုယ့်​အ​ခြေအ​နေ ကိုယ်​သိသည်​ပဲ။ ​ဖြေသာ​ဖြေလာခဲ့တာ..ဒီတကြိမ်​​လောက်​ ရှုပ်​​ထွေးပီး အမှားအမှန်​ မသိနိုင်​​တော့တဲ့ အ​ခြေအ​နေ နဲ့ ​ဖြေခဲ့ရတဲ့ စာ​မေးပွဲ ​လေ။

ဖူးးး
စိတ်​​တွေရှုပ်​လိုက်​တာ !! သက်​ပြင်းချရင်း နံရံက နာရီကို ကြည့်​ပီး သူ့စိတ်​​တွေ ကဏှာမငြိမ်​ဖြစ်​လာသည်​။
ဒု​ကျောင်းအုပ်​ဆိုတဲ့ ရာထူး​ကြောင့်​ နံနက်​​ကျောင်းမှာ မြင်​ရမယ့်​ အမှတ်​စာရင်းကို ညထဲက ကြိုသိနိုင်​သည့်​ ​ဒေါ်​လေး ။

တိတ်​ဆိတ်​မှုကြီးစိုး​နေသည့်​ သူ့အခန်း​လေးအတွင်း နာရီလက်​တံလည်​ပတ်​သံ​လေးသာ ကြီးစိုးလို့။

°• ကလင်​~ကလင်​~ကလင်​ •°

တအိမ်​လုံးလည်း ငြိမ်​သက်​တိတ်​ဆိတ်​​နေသည်​မို့ ​အောက်​ထပ်​က လာတဲ့ဖုန်းသံက တအိမ်​လုံး လွှမ်းခြုံလျက်​။
အောက်​ထပ်​မှာ မအိပ်​​သေးဘဲ result ထိုင်​​စောင့်​​နေကြသည့်​ ​ဖေ​ဖေနဲ့​မေ​မေ ဖုန်းကိုင်​လိမ့်​မည်​။

" ​အေး..ညီမ​လေး ​ပြော !! "

အိုးးး ဖုန်းကိုင်​လိုက်တာ ​ဖေ​ဖေပဲ။
သူ့ result က ဘယ်​လိုဖြစ်​မှာပါလိမ့်​ !!

°• ဂွပ်​ •°

ဖုန်းချတဲ့အသံ။

ပီး​တော့...

" Park Chanyeol !!!!! "

ကျယ်​​လောင်​စွာ ​အော်​ဟစ်​လိုက်​တဲ့ သူ့​ဖေ​ဖေရဲ့ ​အော်​သံ...

>>>>>>>>>

ကျောင်းပြန်​ဖွင့်​သည့်​ နံနက်​​စော​စောမှာ ​ကျောင်းသား​တွေအကုန်​ notice boardဆီ ဝိုင်းအုံ​နေကြသည်​။

" ဟာ..Xiao Lu roll 2 ရတယ်​!! Woah!! Jjang 👍👍 "

ဝမ်းသာအားရ ​အော်​​ပြောလိုက်​တဲ့ Yixing ရဲ့ အသံက ကျယ်​​လောင်​စွာ ထွက်​​ပေါ်လာသည်​မို့ သူ ပြုံးလိုက်​သည်​။
Luhan roll 1to5 ဝင်​မယ်​ဆိုတာ ခန့်​မှန်းပီးသားပင်​~
လစဉ်​ အမှတ်​စာရင်း​တွေကို ပြန်​ကြည့်​မိ​တော့လည်း Channie,  Luhan, Yixingတို့က 1to5 ထဲက ဘယ်​​တော့မှ ထွက်​ခဲ့သည်​မရှိဘူး​လေ~~

Baby Park & Teacher ByunWhere stories live. Discover now