စကားမဆုံးခင်အတင်းဖြတ်ကာရှင်းပြနေသော
ညီ့အးငေးသာကြည့်နေလိုက်တော့၏။

""မေးပြီးတော့ဘာဝယ်ပေးလာပြန်ပြီလဲ?""

""ဟင်--အင်းးဘာမှမဝယ်ဖြစ်လိုက်ဘူး""

ဟုတ်တယ်။မိန်းမတစ်ယောက်ကဝယ်ပေးလိုက်
တဲ့ အဝတ်အစားတွေ ညီ့ကို မဆင်ပေးချင်ဘူး။
ရှာနိုင်တည်းက ညီ့အတွက်ကျတော်ပဲဝယ်ပေး
ခဲ့တာ။

""ဒါနဲ့။မဟာက ဘာဖြစ်လို့တဲ့လဲ??"

ညီ ဟန်ဆောင်တာနည်းနည်းများနေပြီလို့မထင်
ဘူးလား??အေးလေ ဖုန်းထဲကနေမဟာပြော
လိုက်တဲ့စကားကိုသူမကြားလိုက်တဲ့ပုံစံပြောပြီး
မှတော့--။ဥာဏ်သိပ်ကောင်းလွန်းပါတယ်ညီရာ
ဒါပေမယ့် အလိမ်ပေါ်အလိမ်ဆင့်နေတာကတော့
ကောင်းတဲ့အမူအကျင့်တော့မဟုတ်ဘူး။

""ကို့ ကိုလက်ခံလိုက်တာ""

""ဝါးးး တကယ်ကြီးလား??Daebaek!!လုံးဝ
Surprise!!ဒါနဲ့များကိုဇက်ကDinner Eventလေးဘာလေးလုပ်မပေးဘူးလား?""

""အင်းးး""

""ဟ--ဟားညံ့ပါ့ဗျာ့""

ကျတော်မျက်လုံးလှန်ကြည့်မိသွားသည်။ထိုအခါ
မှ သွားတန်းဖြူဖြူများကိုနှုတ်ခမ်းများနှင့်ဖြည်း
ဖြည်းချင်းဖုံးကွယ်ချလျက်

""ကိုဇက်ကြည့်ရတာ---သိပ်မပျော်သလိုပဲ""

ဟုခပ်လေးလေးပြော၏။

""မပျော်ဘူးရယ်လို့လည်းမဟုတ်ပါဘူး။မထင်
ထားတဲ့အချိန်မှာရုတ်တရက်ကြီးဖြစ်သွားတော့
ပြီးတော့ကိုသွားတဲ့အချိန်မှာကိုဇော်မင်းဌေးဆိုတဲ့
လူရှိနေတယ။်မဟာတို့အိမ်ကသဘောတူထားသူ
လို့သူပြောတယ်။အဲ့လူရှေ့မှာပဲအဖြေပေးလိုက်တာ
ကို အသုံးချခံလိုက်ရတယ်လို့ထင်နေတယ်""

""အင်းးးးဖြစ်တတ်ပါတယ်။""

>>ဒါဘယ်လိုတုံ့ပြန်မှုမျိုးလဲ??<<

""ခုညီရောဒီသတင်းကြားရတော့ပျော်လား??""

""ကိုဇက်ကောပျော်နေလား??""

""ပျော်နေတဲ့ပုံပေါက်နေလား??""

""ခါတလေ ကိုယ်ကဘယ်လိုလုပ်ပေးမယ်
ဘာညာတွေးထားပြီးမှ ကိုယ်တွေးထားတဲ့အတိုင်း
ဖြစ်မလာတော့ နည်းနည်းတော့အောင့်သက်
သက်ဖြစ်တာပါ။ခုကိုဇက်လည်းအများကြီးမ
တွေးနဲ့။ဟုတ်လား??Everything will
be ok!!Right??"

ကျတော့်ပုခုံးတစ်ဖက်ကိုအားနဲ့ဆုပ်ညှစ်ကာ
ပြောနေညီက သူ့အတွေ့အကြုံနဲ့ယှဉ်ပြီးပြော
ပြနေတာလား??ရေရေရာရာမရှိသောစိတ်အစဉ်
နှင့် အကြောင်းမဲ့သက်သက် ငေးကြည့်နေသော
ကျတော့်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလေရဲ့။
အပြုံးတွေကိုဖောဖောသီသီထုတ်မသုံးစမ်းပါနဲ့
ကွာ။ခါတလေအတွက်မင်းအပြုံးတွေကအင်အားဖြစ်
စေတာမှန်ပေမယ့်ခုခြေနေမှာကစိတ်လွတ်သွား
စေဖို့တွန်းအားဖြစ်နေတယ်ဆိုတာဥာဏ်ကောင်းတဲ့မင်းကပိုသိသင့်တယ်။

""ဒီည အိပ်မက်မမက်ပါရစေနဲ့ဘုရား""

Thank You All

Everyday on wp

>>>Assi ရေးပြီးလက်ကျန်လေးထရေးသည်

ညီWhere stories live. Discover now