¿**************¿?************?

Siwonအခန်းထဲသွားကြည့်တော့လဲ ရှိမနေ....။အပြင်သွားပုံရသည်..။
အရင်က အိမ်တော်ထိန်းကိုပဲ ပြန်ခေါ်ပေးထားတာကြောင့် မေးကြည့်တော့
အလုပ်ကိစ္စနဲ့ Siwonခရီးထွက်သွားသည်ဟု သိရသည်...။

"အဒေါ်ကြီး လာမှာပေါ့သားရဲ့...."

"ရတယ် ကျနော်လုပ်ပေးချင်လို့ပါ..."

နွားနို့ကို ပျစ်နေအောင်ကြိုပီး အသင့်ထည့်ထားလိုက်သည်...။
ကျန်တာတော့ အထူးအဆန်းမဟုတ်..။အသားချောင်းနဲနဲကြော်ပီး
ပေါင်မုန့်ကြက်ဥကြော်လေး လုပ်ပေးထားလိုက်သည်…။ ထိုရိုးရှင်းသောမနက်စာကိုပင် အားပါးတရစားမည့်သူ့ပုံရိပ်ကို မြင်ယောင်မိသည်…။ အားလုံးပြီးသွားချိန်တွင် ၈နာရီခွဲနေပီ...။
အခန်းထဲပြန်သွားတော့အပြစ်ကင်းစွာ အိပ်မောကျနေတုန်း ရှိသေးသည်…။
ချစ်လိုက်တာ....။ နဖူးလေးကို ဖွဖွလေးနမ်းမိရင်းထိုခလေး ဖွထားတာတွေကို သိမ်းပေးလိုက်သည်...။

အဲ့ဒါလဲ နိုးမလာသေးတာရန်ရေချိုးဖို့ပြင်ဆင်ပေးပီး နှိုးရတော့သည်...။

"ခလေး.... ခလေး... Chan..."

မျက်ခွံလေးတွေ လှုပ်စိလှုပ်စိလုပ်ပီးကျနော့်အသံကို မယုံရဲဖြစ်နေပုံရကာ နားစွင့်နေသည်မှာ နားလေးပင် ပိုကားနေသယောင်မို့ အသာကြိတ်ပြုံးမိရင်း နှုတ်ခမ်းကိုက်ထားမိသည်...။ အိပ်ချင်မူးတူးဖြစ်နေသော ပုံစံလေးကပင် ချစ်စရာကောင်းလွန်းလှတာကြောင့် အတင်းဖိချုပ်နမ်းပစ်ချင်သောစိတ်ရိုင်းကို အတင်းချိုးနှိမ်ထားရသည်…။

အသည်းယားတိုင်းသာအတင်းနမ်းပစ်ရလျှင်တော့ ထိုကလေးအရိုးတွေပါကျိုးကျေကုန်လိမ့်မည်…။
ပြန်ငြိမ်သွားသော မျက်ခွံလေးကြောင့်ပြန်အိပ်ပျော်သွားတော့မှာ သိနေတာကြောင့် မျက်လုံးပြူးရပြန်သည်..။

"Chan..ထတော့..."

"ဟင်.. Papa..."

ချက်ချင်းထကာ ကျနော့်ဂုတ်ပိုးကို လှမ်းဖက်ပီး ဆွဲချနေသည်...။ မျက်လုံးလေးတွေတလက်လက်တောက်ပလာကာ ပါးချိုင့်လေးခွက်ဝင်သွားသည်အထိ ကျေကျေနပ်နပ်ပြုံးကြည့်နေတော့သည်..။

ကျွန်​​တော့်​ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ Where stories live. Discover now