Part 5

9.4K 661 33
                                    


"Papa... Papa.."

ရေချိုးခန်းထဲလိုက်ဝင်လာလေတော့ ခါးမှာပါတ်ထားတာကို မချွတ်ချမိသေးပဲ အသာရပ်စောင့်နေရသည်...။

"ဘာလဲ...."

"မေးစရာရှိလို့..Papa. ဒါဘယ်လိုလုပ်ရတာလဲ..? ဒီနားသားဆော့လို့မနိုင်ဘူး...Papaသိမှာပေါ့...."

ရေးချိုးမယ့်သူကို တန်းလန်းထားခိုင်းပီးပြောတာ tabletထဲက Game
အကြောင်းလား...?...။
ငါတော့ သေချင်တာပဲ Chanyeolရယ်...။

"ဘယ်လိုလုပ်သိမှာလဲ.... Papaဆော့တာမြင်ဖူးလို့လား...."

"အင်း.... ဟုတ်သားပဲ ဒါပေမယ့်..."

ခုမှတွေးမိသလို ရုပ်လေးက ငူငူငိုင်ငိုင်လေးဖြစ်သွားပြန်သည်....။

အပြစ်ကင်းစင်လွန်းသော ပုံရိပ်လေးကို သတိလက်လွတ်ငေးကြည့်နေမိပြီးမှ..

"ကဲ အပြင်ထွက်တော့.... Papaရေချိုးမလို့...."

"ဟင်..."

မျက်ဝန်းလေးတွေ လက်တောတ်သွားခဲ့ကာ....ကျွန်တော့်ကိုတလှည့်၊ ရေစပ်ထားသောကန်ကိုတလှည့်ကြည့်ကာ ပြုံးရွှင်သွားတော့သည်...။

"Papaနဲ့ ရေချိုးမယ်...."

မိုးကြိုးပွတ်၁၆နှစ်သားရယ်...။
သူ့ကိုသူ ဆယ်နှစ်ခလေးများ ထင်သလားမသိ....။ ခပ်တည်တည်ပဲ Tabletကို ရေလွတ်ရာမှာ သွားတင်ကာ... အကျီကိုချွတ်ချလေသည်....။

"ရေချိုးပီးပီမဟုတ်လား..."

ပြောင်တင်းနေသည့်ပါးပြင်ပေါ်ကရေအရောင်က တောတ်ပနေတုန်းရှိသေးသည်...။

"အင်း အခု Papaနဲ့ ချိုးချင်တယ်.. ဟိဟိ
ချိုးမယ်...."

အာ..မဟုတ်သေးပါဘူး....။
ဘယ်လိုရှင်းပြရပါ့မလဲ....။ အတူတူချိုးလို့မသင့်တော်ပါဘူးဆိုသော အကြောင်းကို ဘယ်လိုများသူနားလည်အောင်ရှင်းပြရပါ့မလဲလေ...။ အကြံအိုက်လို့မှ မပီးသေးခင်မှာသူကျွန်တော့်ကို ရေဇလုံထဲတွန်းချလေသည်.....။

ထို့နောက် သူပါခုန်ဝင်လာကာ ပျော်ရွှင်မြူးတူးစွာဆော့ကစားနေလေရဲ့...။
ပျော်ရွှင်နေသော ပုံရိပ်လေးဖြစ်နေတာကြောင့် အတင်းနှင်မထုတ်ရက်လေပြီ....၊
ထို့ကြောင့် ရေအတူချိုးပေးရပြန်သည်...။

ကျွန်​​တော့်​ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ Where stories live. Discover now