Part 4

9.5K 655 33
                                    


"Papa..."

တုန်​ခိုက်​​နေ​သော အသံ​လေး​ကြောင့်
လက်​ဖျား​လေး​တွေကို ကိုင်​ကြည့်​​တော့
ထင်​သည့်​အတိုင်း ​အေးစက်​​နေခဲ့သည်​...။

"ဘာမှမဖြစ်​ဘူး Papa ရှိတယ်​​လေ..."

"အင်း..."

ဟုဆိုကာ ရင်​ခွင်​ထဲတိုးဝင်​လာတာမို့ အသာ​ပွေ့ဖက်​ထား​ပေးရသည်​...။
ဒါဟာ Chanyeol ရဲ့ပထမဆုံး ​လေယာဉ်​စီးသောအ​တွေ့အကြုံဖြစ်သည်.....။

"​လေယာဉ်​က ​ကောင်းကင်​​ပေါ်​ရောက်​​နေပီ
ခံစားကြည့်​ပါလား....
အရမ်းခံစားလို့ကောင်းတယ်......"

"ဟုတ်​လို့လား..."

ခုလိုကျ​တော့လဲ ဘာမှမဟုတ်​ဘူးရယ်....။
ဒါမှမဟုတ်​ ​ဘေးမှာ Papa ရှိ​နေလို့များ
ထင်​သ​လောက်​ မ​ကြောက်​မိတာလား....¿
ထင်ထားတာထပ်ကို ပိုပြီးထိုအတွေ့အကြုံကစိတ်ဝင်စားဖွယ်ကောင်းနေခဲ့သည်...။

"​ဘေးကိုကြည့်​လိုက်​ ​မြင်​နေရတဲ့မြင်​ကွင်းက
ဘယ်​​လောက်​လှလိုက်​သလဲ...."

"Papa.."

ကြောက်လန့်စွာပြောမိပေမယ့် Papaအပြုံးတွေက ကြည်ကြည်စင်စင်နှင့် အားအင်တချို့်ပေးနေလေသည်...။

"ကဲ Papa ​ပြော​နေတာ​လေ ကြည့်​ပါဆို...."

Papaရဲ့လက်​​တွေကို
အားကိုးတကြီးဆုပ်​ကိုင်​ပီး ကြည့်​​မိတော့...
တကယ်ကို အံ့သြဖွယ်အလှအပတွေက
ကျွန်တော့်ကိုဆီးကြိုပွေ့ဖက်ထားခဲ့သည်...။

"Wooooow"

တကယ့်​ကိုပဲ သ​ဘောကျစရာ​ကောင်းလှ​သောသဘာဝ​တွေကို အ​ပေါ်စီးက​နေ မြင်​​နေရတာ ကြည့်မိတာနောက်ကျလေခြင်းရယ်လို့တွေးမိတော်မတတ်ပါ...။

"ဘယ်​လိုလဲ..."

"အရမ်းမိုက်​တယ်​..."

အ​တွေ့အကြုံသစ်​မှာ ​ပျော်​ရွှင်​​နေတဲ့
Chanyeol ရဲ့ ပုံစံ​လေးကို အမှတ်​တရသိမ်းထားမိသည်​....။
တကယ့်​ကို အပြစ်​ကင်းစင်​လွန်းသည်...။
အ​ရောင်​​တောတ်​​နေတဲ့ မျက်​ဝန်း​လေး​တွေနှင့်
ဟစိစိနှုတ်​ခမ်းပါး​လေး​တွေ.....၊

တစိမ့်စိမ့်ငေးကြည့်နေမိသည်...။

********¿¿****************¿¿********

ကျွန်​​တော့်​ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ Where stories live. Discover now