""ညီအိပ်ချင်သေးရင်ဆက်အိပ်လေ""

""ရပြီ။မအိပ်တော့ဘူး။ဆိုင်ကိုပဲရောက်အောင်
မောင်းတော့။မချိုစောင့်နေရလိမ့်မယ်""

ကားမောင်းနေရင်းမှငဲ့ကြည့်တော့ကျေးဇူးရှင်လေး
ကသုန်သုန်မှုန်မှုန်။အိပ်ရေးမဝသဖြင့် ပါးစပ်ဟ
ကာသန်းနေသေး၏။ဝေ့လာသောမျက်ရည်စတွေ
ကို လက်မနှင့်ဖွသုတ်နေပုံကဘယ်သု့စတိုင်ပါလိမ့်

ဒီလိုတွေ့တော့လည်းကျတော်စိတ်မကောင်း။မနေ့
ညက""ကျတော်အိပ်ချင်နေပြီဗျာ""ဟုအော်ဟစ်
နေသောကောင်းကောင်းကိုအတင်းဆွဲထားကာ
ဘောလုံးပွဲပြီးသည်အထိအတူတူကြည့်ခိုင်းခဲ့တာ။

အားလုံးက""ကောင်းကောင်း""ဟုချစ်စနိုးခေါ်ကြ
သောနေကောင်းမြတ်သူဆိုသည့်ထိုကောင်လေးကိုကျတော်တကယ်ခင်တွယ်တယ်။

""ကောင်းကောင်း""ကလည်းကျတော့်ထက်မပို
ရင်တောင်ကျတော့်ထက်တော့မလျော့တဲ့သံယော
ဇာဉ်တွေရှိနေပါလိမ့်မယ်။

YGNက နာမည်ကြီးဆိတ်ငြိမ်ရပ်ကွက်ထဲကြီး
ပြင်းလာခဲ့ရသောကျတော်တို့နှစ်ယောက်အတွက်
ကစားဖော်ဆိုတာမရှိခဲ့။ဒီလိုပဲ လူမှန်းသိစတည်း
ကတစ်ယောက်နဲ့တစ်ယောက်အဖော်ပြုခဲ့ရတာ။

""ဟာာာ မချိုရောက်နှင့်နေပြီ""

ဆိုင်ရှေ့တွင်စောင့်နေသောမချိုကိုမြင်တော့ကား
ကိုခပ်မြန်မြန်ကွေ့ပေးလိုက်ရသည်။ဒါတောင်မောင်မင်းကြီးသားလေးက parking
ထိုးတာတောင်မစောင့်ပဲ။ထုံးစံအတိုင်းကားတံခါး
ပင်မဖွင့်ပဲခုန်ဆင်းသည်။

""မမချို စောင့်နေတာကြာပြီလား?""

""မကြာသေးပါဘူးမောင်ရ။မလည်းခုမှရောက်
တာ""

""ဟူးးးအကြာကြီးစောင့်နေရမှာဆိုးတာ။လာလေ
မောင့်coffeeနဲ့မနက်ခင်းကိုစတင်လိုက်ပါ""

သွားတက်ပေါ်မှစိန်ပွင့်လေးလက်ခနဲဖြစ်သွား
သည်အထိ ပြုံးပျော်နေသူ။အိမ်မှာ။ကားပေါ်မှာ
သုန်မှုန်ခဲ့တာတခြားလူလို။
Zဆိုင်ထဲသို့ဖြေးဖြေးချင်းဝင်လာကာပြုံးပြနေ
သောမမချိုအားပြန်လည်နှုတ်ဆက်ပြုံးပြုံးပြပြီး
ထိုင်နေကြထောင့်စွန်းလေးမှာသာသွားထိုင်နေ
လိုက်သည်။

ညီWhere stories live. Discover now