သတိရနေပေမယ့် အဲ့ဒီမျက်လုံးတွေဖွင့်လိုက်လျှင်သူ့ကိုမြင်ရဖို့ မသေချာခဲ့ပါ....။
အဘယ့်ကြောင့်ဆိုသော် အခာများစွာကဲ့သို့
လက်ချောင်းတွေအားနွေးထွေးစွာဆုပ်ကိုင်ထားပေးသည့်အထိအတွေ့တစုံတရာက ရှိမနေခဲ့ပါ...။"သတိရပီလား... သားလေး.....
ခေါင်းမူးတာတို့ ဘာတို့ဖြစ်လား..."မျက်လုံးတွေဖွင့်ကြည့်လိုက်တော့
Juty coat နဲ့ Uncle Xingက မေးလေသည်...။ မျှော်လင့်ခြင်းများနှင့်ဘေးသ့ိုဝေ့ကြည့်မိသော်လည်း လေးလေးSiwon ပီးရင်
မျှော်လင့်တမ်းတရသူကတော့ ရှိမနေခဲ့ပါ...။
ရင်ထဲမှနာကျင်မှူက ဆို့တတ်လာခဲ့သည်....။"Uncle... Papaရော...."
မေးစရာမလိုပဲ မျက်လုံးဖွင့်လိုက်တာနဲ့ အနားမှာစိုးရိမ်တကြီးရှိနေပေးမယ်လို့
မျှော်လင့်ထားခဲ့မိသမျှ အလကားဖြစ်သွားခဲ့လေပြီ....။Uncle Xing က မဖြေချင်သလိုသက်ပြင်းချပ်ီး မျက်နှာလွှဲသွားသည်....။"နေကောင်းအောင်နေ...."
နူးညံ့စွာပြောပြီးနောက် ကျောခိုင်းလှည့်ထွက်သွားရန်ပြင်သည်....။
"သူဒီမှာပဲရှိတာ သားသိတယ်...
ဘာအကြောင်းကြောင့်လဲမသိသေးပေမယ့်
ပြောလိုက်ပါ...
သားသူ့ကို မတွေ့တွေ့အောင်ရှာမှာလို့.....
ပြီးတော့ အရမ်းလွမ်းနေတယ်လို့ဆက်ဆက်ပြောပေးပါ....."ကျောခိုင်းသွားသော Uncle Xingကို
မတားဖြစ်တော့....။"လေးလေးကို ဘယ်သူဖုန်းဆက်တာလဲ...."
"Xingဆက်တာ....
စိတ်ပူလိုက်တာ ခလေးရယ်...
ညတွင်းချင်းလာလိုက်ရတာ...
ဖိုးဖိုးသိရင် မိုးမီးလောင်မှာ သိတယ်မို့လား...
အခုမင်းဖိုးဖိုးမသိအောင်ဖုံစထားရတယ်...
တော်သေးတာပေါ့ ဘာမှမဖြစ်လို့...."တကယ်ပဲ Papaမဟုတ်ဘူးလား....?...။
အဖြူရောင် အရိပ်တစ်ခုဟာ သူမဟုတ်ဘူးလား...။ဘယ်သူလဲ....။
ဖြစ်ပျက်ခဲ့သမျှကို သေသေချာချာမမှတ်မိနိုင်တာကြောင့် ခေါင်းထဲမှာရှုပ်ထွေးနေခဲ့သည်...။
YOU ARE READING
ကျွန်တော့်ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ
FanfictionKrisyeol Papa && Babe @HtetWai6100