Part 3

9.8K 705 32
                                    


"အ​ယောင်​​တောင်​တော်​​တော်​ကျသွားပီပဲ....
ဆေးမထိုး​ပေး​တော့ဘူး​နော်​...."

အ​ပေါက်​ဝမှာ ပြူတစ်​ပြူတစ်​ လုပ်​​နေ​သော
Rou Rou ဆီသို့Chanyeol ရဲ့ မျက်လုံးတွေရောက်နေခဲ့သည်...။

"Channie..."

နားနားကပ်ခါခေါ်နေသော YiXing အသံကိုတောင်မကြားနိုင်တော့ ကြားထဲကကျွန်တော်ကဝင်ပါရလေပြီ...။

"Chan.."

အော်​လိုက်​လေမှတုန်​ကနဲဖြစ်​သွားကာ
လှည့်​ကြည့်​​လေသည်​....။

"​ဗျာ..."

"လက်​နာ​နေ​သေးလား ​မေး​နေတာ​လေ..."

"အင်း... ဟင့်​အင်း မနာ​တော့ဘူး.....
ဒီမှာ​တွေ့လား... အာ့..."

အင်းဟု​ပြောပီးမှ အပြင်​ကိုလှမ်းကြည့်​ကာ မနာ​တော့ဘူးဆိုပီး လက်​ကိုခါယမ်းပြ​လေ​တော့ အား ခနဲ​အော်​ပြန်​သည်​....။
Wu Chanyeol ရယ်​ မင်းအ​ကြောင်းငါ မသိဘူးများထင်​​နေသလား....¿¿..။
လက်​မနာ​တော့ဘူးဟု​ပြောကာ Rou Rouနဲ့
ဆော့​တော့မှာကို ကြိုမြင်ထားတာကြောင့်
မျက်နှာကိုတင်းလိုက်မိသည်...။

"မရ​သေးဘူး လှုပ်​လှုပ်​ရှားရှားမလုပ်​နဲ့အုံး​နော်​...Channie...... စကားနားမ​ထောင်​ရင်
ဒါဏ်​ဖြစ်​သွားပီး မပျောက်ပဲနဲ့ကြာ​နေလိမ့်​မယ်​....."

"ဟုတ်ကဲ့.."

ချက်​ချင်းဆူပုတ်​သွားခဲ့​သော မျက်​နှာဟာ အင်တင်တင်ပြောလိုက်ရတာ သိသာနေသည်.။

Dr Xing ကို Papa မျက်​ရိပ်​ပြလိုက်​​တာကိုမြင်လိုက်တယ်...။

Papa သပ်သပ်ညစ်တာ....။

"အား..."

ထိုင်နေရာကနေအသံကုန်​စူးစူးဝါးဝါး
အော်​​လေ​တော့သည်.....။
Xing က​တော့ ​ခေါင်းတယမ်းယမ်းနဲ့
ကျွန်တော့်ကို​ခေါင်းညိတ်​ရုံ နှုတ်​ဆတ်​ကာ
ပြန်​သွားလေပြီ...။

"Chan..."

"...."

ဒူး​ခေါင်း​ပေါ်တင်​ထားသည့်​ လက်​သီးဆုပ်​​လေး​တွေက ကျပ်​ခဲလို့.....။

"မနက်​က Chen Papaဆီကို ဖုန်းဆက်​ပီးပီ...
နောက်​ Fridayဆိုသွားမှာတဲ့ Papaနဲ့မင်းလိုက်​မယ်​လို့ ​ပြောထားတယ်...."

ကျွန်​​တော့်​ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ Where stories live. Discover now