10✿Baby's Breath✿10

Start from the beginning
                                    

ကျွန်​​တော်​ ဖိနပ်​စီး​နေတုန်း Baekhyun တစ်​​ယောက်​ ရှုပ်​ပွ​နေတဲ့ ဆံပင်​နဲ့ သူ့အခန်းထဲက ပြန်​ထွက်​လာတယ်​...

'Baekhyunee...​ကျောင်းမှာ သူငယ်​ချင်း​တွေနဲ့ ​ကောင်း​ကောင်း​ဆော့​နော်​...Chanyeol ​​ဘောလုံး​လေ့ကျင့်​တဲ့အချိန်​ အနားမှာသွား​နေ​နော်​...'

သူမ Baekhyun ဆံပင်​ညိုညိုပွပွ​တွေကို သပ်​တင်​​ပေးရင်း​ပြော​တော့ ထုံစံအတိုင်း ရယ်​ပြီး ​ခေါင်းငြိမ့်​တယ်​...

ကြည့်​လို့ကိုမရဘူး 😣
အ​မေက သူ့ဆို က​လေးလို အရမ်းဆက်​ဆံတာပဲ...
အေး​လေ...စိတ်​ကလည်း ခုနှစ်​နှစ်​ကိုး...

ကျွန်​​တော်​တို့နှစ်​​ယောက်​လုံး ဘာစကားမှမ​ပြောပဲနဲ့ ​ကျောင်းကို​လျှောက်​လာခဲ့တယ်​​လေ...

နားချိန်​​ရောက်​​တော့ အတန်းထဲက က​လေး​တွေ အားလုံးနီးပါး ထွက်​သွားကြတယ်​...
ကျောင်းသူ တစ်​ချို့က​တော့ make-up test ရှိလို့သွားကြပြီး ကျွန်​​တော့်​ အဖွဲ့ဝင်​​တွေက​တော့ စင်္ကြမှာ မုန့်​စားရင်း ​ခုနက ​ဖြေထားတဲ့ စာ​မေးပွဲ အ​ဖြေတိုက်​​နေကြတယ်​...

ကျွန်​​တော်​က​တော့ ဘာကို​တွေးလို့​တွေး​နေမိမှန်းမသိပဲ ဟိုဟိုဒီဒီ ​လျှောက်​ကြည့်​​နေမိတယ်​...

'​ဟေ့​ရောင်​ Chanyeol! ​နေ့ခင်း​ကြောင်​​တောင်​ ​​သေ​နေတာလား...? ​မေးခွန်းနံပါတ်​ 14 ဘာ​ဖြေလိုက်​လဲ လုပ်​ပါဦး...'

Jongin အနားလာပြီး​မေးမှပဲ ကျွန်​​တော်​ သတိပြန်​ဝင်​လာတယ်​...

'ဟင်​? ​သြော်​...14 လား...နံပါတ်​သုံးကို ​ရွေးလိုက်​တယ်​လို့​တော့ ထင်​တာပဲ...'

'Aish! ​သေ​ရော! ငါ သုံး​ရွေးထားပြီးသားကို မ​​​သေချာလို့ ​လေးကို ပြန်​​ပြောင်းလိုက်​မိတယ်​!'

Sehun တစ်​​ယောက်​ ​ဘေးနားကနား​ထောင်​​နေရာက​နေ ကိုယ့်​နဖူးကိုယ်​ရိုက်​ပြီး ဝင်​​ပြော​တော့ Jongin တစ်​​ယောက်​ ​ခေါင်းခါ​နေ​လေရဲ့...

ကျွန်​​တော်​ ပျင်းပျင်းနဲ့ chocopie တစ်​ကိုက်​ကိုက်​ရင်း ​ဘေးဘက်​ကို လှမ်းကြည့်​မိတယ်​...
Yixing! သူလည်း တရုတ်​လူမျိုးပဲ​...
ကျောင်း​ပြောင်းလာတာ နှစ်​နှစ်​​ကျော်​ပြီဆို​တော့ ကိုရီးယားစကား နည်းနည်းတတ်​တယ်​​လေ...
သူက​တော့ နားကျပ်​တပ်​ပြီး ​လောကကြီးနဲ့ အဆက်​အသွယ်​ပြတ်​​နေ​တဲ့ပုံ...
အရင်​က သိပ်​မျက်​မှန်းမတန်းမိ​ပေမယ့်​ ဒီတစ်​​ခေါက်​ စာစီစာကုံးပြိုင်​ပွဲမှာ
ဒုတိယရတာ​ကြောင့်​သိသွားတယ်​ဆိုပါ​တော့...
ကျွန်​​တော်​က​တော့ တတိယ​လေ...

✿Baby's Breath✿Where stories live. Discover now