နတ်ကနားပွဲ

3K 421 29
                                    

ကျုပ်တို့ရွာမယ် နတ်ကနားပွဲ ခြိမ့်ခြိမ့်သဲကျင်းပနေတယ်

ရည်ရွယ်ချက်က ဟို၂ကောင်က သူတို့ဥ အကောင်ပေါက်မြန်အောင်တဲ့

ဥ အကောင်ပေါက်စေချင်တာ သူတို့ကြက်မသူတို့ဝပ်ခိုင်းပါလား :/
ဘယ့်နှယ် ရွာစောင့်နတ်ကအစ ၃၇မင်းအဆုံးနတ်ကနားပေးတော့ အဲ့နတ်တွေကသူတို့ဥ လာဝပ်ပေးရမလားကဲ :3

စဉ်းစားကြည့်ပါဗျာ
ကြက်ဥပေါက်ချင်တာ ကိုကြီးကျော်နဲ့ဘာဆိုင်လဲ ...
အဲ့ဒါလည်း ပင့်တာပဲ :3
နတ်ကတော်ဒေါ်သာစံခမျာ မှာလည်း အလုပ်ကရှားလေတော့ ဟို၂ကောင်သွားနတ်ပွဲလုပ်ဖို့ပြောတာနဲ့ ရှောက်သီး၂လုံးတော့တွေ့ပဟဆိုပြီးနှပ်ချလိုက်တာလေ :3
သူတို့ကသံပုရာသီးအချဉ်မဟုတ်ဘူး အဲ့ထက်ကြီးတယ်ရှောက်သီး

ရှောက်င်္သီးထက်ကြီးတာသိရင်တောင်နမူပြချင်သေးတာ
အဲ့ထက်ကြီးတာကျ ကျုပ်လဲမသိတော့ဘူးရယ်

တွေးကြည့်ဗျာ တွေးကြည့် ဥပေါက်ချင်လို့စ ပင့်တဲ့နတ်က ကိုကြီးကျော်တဲ့ :3

မတာတွေ သူတို့သောက်ချင်ယွချင်တာငါမသိဘူးဆိုတော့လေ :3
ိကိုကြီးကျော်ပင့်မှတော့ သူတို့ဥပေါက်မှာပါ အဲ့အကောင်ပေါက်လာမှာတော့မဟုတ်ဘူးပေါက်ပြီးကြက်ဥကြော်ဖြစ်သွားမှာ
မသကာ မနှဲလေးလောက်ဆိုဟုတ်သေး
အဲ့ ဒါလဲမဖြစ်သေးဘူး
နတ်ကတော်ဒေါ်သာစံရဲ့ ကျားကိုးစီးစားမကုန်တဲ့ကိုယ်လုံးကြီးကို နှဲ့နှဲ့ပြီး နှံပြည်စုတ်ဆယ်ရက်လောက်ထမင်းမစားရတဲ့အသံနဲ့ ချွဲပစ်ပြီး မနှဲလေးအသံတုလုပ်တာကျုပ်သည်းမခံနိုင်ဘူး :3

ဘာနတ်မှသူ့ဝင်မပူးဘူး
အိုဗျာာ သက်ကြီးဝါကြီးနတ်မကလို့ ကျုပ်လို စုတ်တီးစုတ်ပြတ် နတ်ပေါက်စနတောင်သူ့မပူးဘူး :3
ဘယ်နှယ်ဗျာ ၇ရက်နေလို့ရေတခါမချိုးဘူး
တလနေလို့ခေါင်းတခါမလျှော်ဘူး
အကျီလား မမေးနဲ့တော့ပဲ
အဲ့လိုလူကနတ်ပွဲရှိမှ ရေမွှေးတွေဆွတ်ဆွတ်ပြီး ရေတခါလောက်ချိုးတာ
စဉ်းစားကြည့် ပူးမလားခင်ဗျားတို့ဆို :3

အဲ့ဒါကထား နတ်ကနားပွဲပြင်ထားတဲ့နေရာက ဟို၂ကောင်အိမ်ကြားကမြောင်း အဲ့ မှားလို့  ရွာ့သမိုင်းဝင်ချောင်း ကိုခွပြီး ဝါးနှစ်ရိုက်စာလောက်ကွပ်ပျစ် ရိုက်ထားတယ်လေ :3
အလည်တည့်တည့်မှာက ဟိုအမွှေစိန်ပြသနာကြက်ဥကို ကလပ်နဲ့တင်လို့ :3

ဥအရှုပ်တော်ပုံWhere stories live. Discover now