ParkChanyeolရဲ့ပြသနာ

2.9K 426 24
                                    

ကျုပ်တို့ရွာမယ် ခုတလောငြိမ်းအေးနေသဗျ

ငြိမ်းအေးနေတယ်ဆိုတာကရွာသားတွေမဟုတ်ဘူးကျုပ်

အစားမှားလို့ နတ်ဆေးရုံရောက်သွားတာလေ

ပြောရမယ်ဆို ဒီကိစ္စက ဟိုနှစ်ကောင်မှာတာဝန်ရှိတယ်
သိတယ်မလား ဟိုနှစ်ကောင်ကဘယ်သူတွေလဲဆိုတာ
သူတို့ဥပေါက်အောင် ... အဲ ကျုပ်ပြောတာ သူတို့မြေးကြက်ဥကိုပြောတာ

ဟိုWuဂလန်ဂလားက လာပို့သွားတာက ကော်ဖီနဲ့မုန့် သူကမြေးမလေးလိုချင်တာတဲ့ သူ့လိုလှတပတတဲ့
ပြောလို့ပြောတာမဟုတ်ဘူး သူကလှတယ်ဆိုတော့လေ
တဖြည်းဖြည်းဝပြဲလာတာကြာရင် ဓါတ်တိုင်ကနေ ငှက်ပျောပင်တုတ်တုတ်ကြီးလိုဖြစ်တော့မှာ
စိတ်တွေကုန်တယ် ကျုပ်ကနတ်ပေမယ့် နှလုံးကသိပ်ကောင်းတာမဟုတ်ဘူးဗျ
သူ့ကော်ဖီကလဲ ဘာတွေပါတယ်မသိပါဗျာ ရင်တွေတုန်လိုက်တာပြောမနေပါနက်
တကယ်က ကျုပ်ရင်တုန်တာသူ့ကော်ဖီကြောင့်မဟုတ်ဘူးသူ့ကြောင့် !
"ရွာစောင့်နတ်ကို ကော်ဖီတိုက်တယ်နော် သမီးလေးမွေးရင်မွေး မမွေးရင် နတ်ကွန်းမီးရှို့မှာ ဒါပဲ ရွာစောင့်နတ်က လိမ္မာပါတယ်နော် မိန်းကလေးဖြစ်အောင်ကူညီ အေးမဖြစ်လို့ကတော့ ခင်ဗျားလည်းဘုံပျောက်ပြီမှတ်" တဲ့

စဉ်းစားကြည့်ပါဗျာ စားလိုက်သောက်လိုက်ရတဲ့ကော်ဖီနဲ့မှမတန် ခြိမ်းခြောက်တာလား ဂျီကျတာလားမသဲကွဲဘူးရယ်
အဲ့မှာမပြီးသေးဘူး
နောက်တစ်ယောက် Doဂျာရစ်ရောက်လာပြန်ရော
သူကယူလာတာဂျယ်လီကိတ်တဲ့ မြို့ကတကူးတကမှာထားဆိုပဲ :3
အဲ့ဂျယ်လီလဲကျုပ်မှာစားပေးရတယ်ဗျာ

မစားလို့လည်းမရဘူး နတ်ဆိုတာပေးတာယူကျွေးတာစားရတာလေ :3
သူများရွာတွေတော့မသိဘူး
ကျုပ်တို့ရွာမှာဒီလိုပဲ

သူကလည်းပြောသွားတယ်
"ရွာစောင့်နတ် ကျုပ်ကတကူးတကမြို့ကမှာပြီးကျွေးတာနော် စားအခုစား နောက်မှမစားနဲ့အခုချက်ချင်းစား ပြီးရင် ကျုပ်သားနဲ့တူတဲ့မြေးယောကျာ်းလေးရအောင် လုပ်ပေး လျှာမရှည်နဲ့နော် ကျုပ်ကယောကျာ်းလေးဆိုယောကျာ်းလေးလိုက် ဟိုဂလန်ဂလားပြောတဲ့မိန်းကလေး မွေးလာရင် ခင်ဗျားနတ်ကွန်းကျုပ်ဖြိုမှာ မယုံစမ်းကြည့် ခုတော့ ဂျယ်လီကိတ်စားအုန်း အေး မိန်းကလေးဆိုခင်ဗျားလည်းဘုံပျောက်ပြီမှတ်တော့"

ဥအရှုပ်တော်ပုံWhere stories live. Discover now