ရွာကသင်္ကြန်

2.6K 410 16
                                    

ဒီနေ့ မဟာသင်္ကြန်ပေါ့ဗျာ

ရွာမှာကသိပ်တော့မစည်လှဘူး
ရွာဆိုတော့လည်းရွာအလျောက်ပေါ့

သိပ်မစည်ပေမယ့်လည်းတစ်ရွာလုံးမှာဒါပဲရှိတာလေ

ရွာထိပ်မှာမဏ္ဌာပ်ထိုးပြီးတစ်ရွာလုံးဆော့ကြတာ

အတက်ကြွဆုံးကတော့သိတယ်မလားChenလေ
သူ့အနုပညာကိုတစ်ရွာလုံးကိုချပြခွင့်ရတော့မယ်ဆိုပြီးမိုးမလင်းခင်တည်းကအသံစမ်းနေတာ

သူကြီးBaekhyunကတော့ နားဂွမ်းဆို့အိပ်နေတာပဲ

Wuyifanတို့DoKyungsooတို့လည်းတက်ကြွပါတယ်

မနက်လင်းတာနဲ့ မဏ္ဌာပ်ရောက်နေပြီလေ

အချိန်ပြပြီဆိုတာနဲ့အပေါင်ဆုံးဘောင်းဘီနဲ့ရှပ်အကျီင်္ဝတ်ထားတဲ့သူကြီးBaekhyunကမိုက်ဆွဲင်္ပြီးစင်ပေါ်တက်လာတယ်

ဓါတ်ဘူးပိန်ရွာ မဟာသင်္ကြန်စတင်ပါပြီလို့လည်းသူကြော်ငြာရော သူတောင်စင်အောက်မရောက်ဘူးအောက်မှာအသင့်ပြင်ထားတဲ့Chenကစင်ပေါ်ရောက်လာပြီ

"သားChenလေးရဲ့အနုပညာကို အားပေးကျပါခင်ဗျာ"
ဆိုပြီး စင်ပေါ်ကသူကြီးကို တွန်းချလိုက်တယ်
စင်ကမမြင့်လို့မဟုတ်ရင် သူကြီးသွားကျွတ်ပြီ

"ရှာပုံတော်သားChenလေး မဏ္ဌာပ်တကာရောက်ခဲ့ပြီ........."
ဆိုပြီးကွေးနေအောင်ကတာ

သူကတာဘယ်သူမှမကြည့်ဖြစ်ပါဘူး

Chanyeolကိုကြည့်တော့လည်း စိုရွှဲလို့ ရွှဲမှာပေါ့ Wuyifanနဲ့Dokyunsooဝိုင်းလောင်းထားတာလေ

ဒါသင်္ကြန်မို့လို့သူတို့တည့်နေကြတယ်

Sehunနဲ့Luhanကတော့ မုန့်လုံးရေပေါ်ထဲငရုတ်သီးထည့်ဖို့ကြိုးစားနေကြတယ်

ခက်တာကသူတို့လုံးတဲ့မုန့်လုံးရေပေါ်ဘယ်သူမှမစားဘူး
ကျုပ်လည်းမစားဘူး သန့်မှန်းမသိမသန့်မှန်းမသိ
Luhanကငယ်ငယ်ကနှပ်ချေးတွဲလောင်းဖုန်အလိမ်းလိမ်း ပုဆိုးကွင်းသိုင်းနဲ့ပုံကိုပြန်မြင်မိရင် အခုတောင်ကျုပ်ပျို့တက်တယ်
မစားဘူးသူတို့မုန့်လုံးရေပေါ်

အဲ့ဒါနဲ့ပဲTaoနဲ့Layရဲ့ကြာဆံကြော်ကိုကြည့်မိတော့ အိုးမည်းဝိုင်းသုတ်ပြီးစကြလို့ မျက်ရည်တရွှဲရွှဲ နှပ်တညှစ်ညှစ်နဲ့ ငိုလိုက် ကြာဇံကြော်ဖို့အရွက်လှီးလိုက်နဲ့

ဥအရှုပ်တော်ပုံWhere stories live. Discover now