ဓာတ်ဘူးပိန်ရွာ၏သာယာလှပသောမနက်ခင်း.........
ကျေးငှက်အော်သံ ရွာဦးကျောင်းမှကိုရင်ငယ်တို့၏စာအံသံများဖြင့်ညံစီနေသည်
တချက်တချက် အဖေတူသား အကောင်သေးပြီးအသံပြဲလှသော Doသီဟကုမာရ၏ ခပ်စွာစွာတွန်သံကိုလည်းကြားရ၏
အဖေနဲ့တူတော့ တွန်တာတောင်ခပ်စွာစွာပဲလေ
Doဂျာရစ်နဲ့Wuဂလန်ဂလားကတော့မနက်ခင်းသန့်ရှင်းရေးလုပ်နေကြလေရဲ့
"ဟေ့ကောင် Wuလောရှည် မင်းတံမြက်စည်းလှည်းတာ ငါ့ခြံထဲအမှုန်ဝင်သကွ စည်းနဲ့ကမ်းနဲ့လှည်းစမ်း "
"ဒီမှာ Doဂျာရစ် ငါကငါ့ခြံထဲငါလှည်းတာဘာဖြစ်လဲ!!! မကျေနပ်ရင် မင်းအရပ် ခြံစည်းရိုးတိုင်ကိုမှီတဲ့နေ့လာပြောကွ ><"
"ဘာာာာာာာ ဟေ့ကောင်မင်းလို လူအရပ်မဟုတ်ပဲ ထန်းပင်အရပ်ဖြစ်နေတာမဟုတ်ဘူးကွ မင်းကထန်းပင်တပိုင်းဝက်တပိုင်းကွ"
အဲ့လိုပဲ ရန်ဖြစ်ကြရာက တံမြက်စည်းကိုစွတ်လှည်းကြတာ အဝေးကကြည့်ရင်သူတို့နှစ်ယောက်အိမ်ပဲကွက်ပြီးမုန်တိုင်းတိုက်နေတာကြလို့
ဖုန်တွေတလုံးလုံးနဲ့ရယ်
အဲ့ဒီအချိန်ပဲဗျာ
ကျုပ်တို့ရွာရဲ့သူကြီး မှေးBaekhyunအဲ့ByunBaekhyunပြောပါတယ်
သူ့အဘိုးဆီကအမွေရထားတဲ့တောင်ရှည်ကို မြေတရွတ်ဆွဲအောင်ခါးပတ်ပတ်ဝတ်
မရှိမဲ့ရှိမဲ့ဆံပင်မွှေးကိုထုံး
သူ့အမေဆီကရထားတဲ့အပေါင်ဆုံးတိုက်ပုံကိုဝတ်ပြီး ကော့ကော့ ကော့ကော့နဲ့ရွာလည်လမ်းတလျှောက်ပဲများအဲ့မှားလို့ ရွာကိုလှည့်လည်ကြည့်ရှုတာပေါ့ဗျာ
သူ့ကိုယ်သူတော့ဘုရင်တိုင်းခန်းလှည့်လည်နေတယ်ထင်နေတာ တကယ်မြင်ရတဲ့ပုံကဆပ်ကပ်ကမျောက်ဖြူလေးကအကျီင်္ခိုးဝတ်လာသလိုပဲရယ်
ပြန်တော့မပြောနဲ့သူကလူတိုသလို အဲလေ အရပ်တိုတာပြောပါတယ် စိတ်လည်းတိုတယ်
တော်ကြာထိပ်တုံးနဲ့ကျုပ်ညားနေမယ်
သူကြီးနောက်က ကုပ်ချောင်းချောင်းနဲ့ပါလာတာက ကျုပ်တို့ရဲ့ရွှေမင်းသားလေးChenChenပေါ့ဗျာ