မြို့သားနှင့်ဥခွဲဝေကြခြင်း

3.1K 437 8
                                    

ရွာထိပ်ကိုတစ်ရွာလုံးပြေးကြည့်တော့ ဖုန်ကတလုံးလုံးကိုထလို့

ထမှာပေါ့ကျုပ်တို့တစ်ရွာလုံးအားကနည်းလား

luhanနဲ့sehunခမျာမှာလည်း ဖုန်လုံးကြီးလိမ့်လိမ့်လိမ့်လိမ့်နဲ့လာနေတာမြင်ရတော့သိပ်ပျော်သွားတာ

ရွာလုံးကျွတ်လာတယ်ဟဆိုပြီး

အဲ့မပျော်နိုင်တာကသူတို့နဲ့ပါလာတဲ့သူတို့သူငယ်ချင်းမြို့သား

စဉ်းစားကြည့် သာမန်လူကဖုန်လုံးကြီးလိမ့်လာတော့ ခေါင်းထဲမှာတွေးမှာကမုန်တိုင်းပဲ

ဒါပေမယ့်ဒီနေရာကရွာလေ ဆိုတော့ကာအနီးစပ်ဆုံးသူပစ်တွေးလိုက်တာက ကျွဲရိုင်းအုပ်လွတ်လာတယ်လို့ လန့်ပြီးသူ့ခဗျာနီးရာလူSehunကိုပြေးဖက်ပြီးခွတက်တာဗျ

သူ့ကိုယ်လုံးမှအားမနာဟိုငါးခြောက်ပြားအဖေခေါ်ရမယ့်တစ်ယောက်ကို

Oh sehunဆိုတာကလည်းတစ်ကိုယ်လုံးကအသားတွေကတင်ပါးမှာစုနေသလားမှတ်ရတာ

သူငယ်ငယ်တုန်းက အရမ်းဆော့လို့အမြဲအချခံရရာကအယောင်မကျတော့တာပြောတာပဲ သူ့အကိုWuyifanကတော့

အဲ့ဒီမှာ Ohsehunပေါ်မြို့သားကဖက်တက် Oh sehunကလဲမလိုဖြစ် ကြားကluhanကဆွဲနဲ့ သံသရာလည်နေတုန်းကျွဲအုပ် အဲကျုပ်တို့ရွာသားတွေလည်းသူတို့နဲ့နီးလာတယ်

မြို့သားခဗျာတွေးမိတာက မြို့ကရုပ်ရှင်တွေထဲကလို ရင်ကောင်းမယ်လို့လေ

သူတွေးနေတုန်းဖုန်လုံးကြီးက ရုတ်တရတ်ရှေ့တည့်တည့်ရပ်သွားတယ်

သူ့ခဗျာယောင်တောင်ပေါင်တောင်နဲ့သူများ powerတွေရပြီလားတွေးလိုက်သေး

အဲ့ ဖုန်လုံးကြီးလဲပျောက်ရောကျုပ်တို့တစ်ရွာလုံးကသူ့ရှေ့မှာ ခန့်ခန့်ညားညားနဲ့မျောက်ဝံလေးတွေလိုပေါ်လာတယ်

မတတ်နိုင်ဘူးလေ ကြိုမှမပြောတာ အလှတောင်မပြင်လိုက်ရဘူး ဖုန်တွေကလုံးလို့ရယ်ကိုယ်ပေါ်မှာလဲ

Oh Sehunနဲ့Luhanကတော့ သူတို့အစ်ကိုတွေကိုပြေးဆွဲတယ်

ဟိုနှစ်ကောင်နပမ်းဆက်လုံးနေလို့လေ

ဥအရှုပ်တော်ပုံWhere stories live. Discover now