Oာစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးဘာစကားသံမှထွက်မလာ ...
Kris ကလည်းသူတာဝန်ယူတယ်ဆိုပြီးထွက်သွားတာပြန်ရောက်မလာသေးဘူး။
*အလကား ခွေးမ လျှောက်ပြောပြီးထွက်သွားတယ်..
" Mm?? ဘာပြောလိုက်တာလဲ Yeol ! မကြားလိုက်ဘူး"
Kai ကသူ့ပြောတယ်ထင်ပြီးလှမ်းမေး..
"Eyy...ငါ့ဘာသာငါပြောနေတာပါဟ"
.......
" လာ နှစ်ယောက်လုံး ဖြေရှင်းမယ် တအင့်အင့်ငိုနေတဲ့အကောင် လာ လာ ဒီမယ် လာကြည့် "
USB တခုကိုင်ပြီးအပြင်ကပြန်ဝင်လာတဲ့Kris ...
"ဘာဖြေရှင်းမလို့လဲ ??"
ခေါင်းကုပ်ဖင်ကုပ်နဲ့ခိုခိုခိုင်ကမေးစမ်းကြည့်တယ် ။
"ညကကိစ္စလေ ...ကောင်တာမှာအရှက်မရှိCCTV သွားကြည့်လာတာ"
" ဘာာ ! Kris မင်းကွာ မရှက်ဘူးလား "
" ရှက်တာပေါ့ Chanyeol ရ ။ ဒါပေမဲ့မင်းကိုငါတာဝန်ယူတယ်ပြောပြီးပြီလေ ငါကတိတည်ပါတယ်"
"မင်းပြောတဲ့ တာဝန်ယူတယ်ဆိုတာက ဒါမျိုးကြီးလား ? "
မျက်လုံးလေးကလယ်ကလယ်နဲ့Kai ကမေးပြန်ပြီ ။
"အေးလေ မင်းကဘာထင်လို့လဲ "
".... "
" ကဲ ကြည့်ရအောင်ကွာ ဖွင့် ဖွင့် "
Yeol သတိပေးမှနှစ်ကောင်ကိုက်နေတာရပ်သွားတယ်။
Laptop ဖွင့် USB ထည့်....
Loading ....video file .....
"ကဲ ကြည့်ကြ "
Kris ကပြောပြီးခုံနောက်ကိုမှီထိုင်နေလိုက်တယ်။ သူကတော့ကြည့်လာပြီးပြီလေ
" ဟင် ?? "
"ဟာ ! "
နှစ်ကောင်သားအာမေဋိတ်သံစီလို့ ....
Yeol က ကြည့်ပြီးတော့မျက်လုံးအဝိုင်းသားနဲ့.
" Kris !! "
ဘာလဲ ဆိုပြီးမချိုမချဉ်မျက်နှာထားနဲ့မေးဆတ်ပြတယ် ။..
Kaiကိုကြည့်လိုက်တော့လဲ အူတက်အောင်ခွီနေတယ်
" ဟဲ ဟဲ ခွစ်ကြီးရယ် မင်းကလဲ ပြုံးပြုံးနေစမ်းပါကွ "
အရိုးတစ်ကောင်မျက်ခွက်ကြီးကိုဖြီးနေတာဘဲ...
အကြောင်းရင်းက ...?
"သေနာအရိုး ငါ့စွပ်စွဲရုံတင်မဟုတ်ဘူး ငမဲမပါဆွဲထည့်လိုက်သေးတယ် "
"သူတောင်းစား အကောင်းဖြစ်မဲ့ကောင် အရိုးစုတ် "
"မင်းတို့ကလဲ ငါကမူးနေတာကိုးဟ ရမ်းပြောမိတာပါ"
"မင့်ဟာကလဲကွာ...ငါတို့နှစ်ယောက်ကိုယ့်ကုတင်နဲ့ကိုသေနေတာ ..မင်းဟာမင်း ဟိုဒင်းvideoတွေကြည့်ပြီးအိပ်ပျော်သွားတာများ "
"အေးလေ ပြီးတော့လဲ မင်းမအိပ်ခင်ဟိုစားပွဲနဲ့တိုက်မိလို့ခါးနာသွားတာလေ လဒစုတ် သူကြည့်တဲ့ဟာတွေနဲ့သူနာတာနဲ့ရောချပြီးအိပ်မက်တွေလုပ်ပလိုက်တယ် "
Kai နဲ့ Kris အားရပါးရဆဲလေသည်
" မင်းတို့ကလဲ ငါကမူးနေတာပါဆိုမှ ဟဲဟဲ "
" မင်းမူးတာကလဲ ညစ်ပတ်လိုက်တာ အော့အော့ "
........................
ဤသို့ဤပုံဖြစ်ပျက်ခဲ့ကြ၍ဤနည်းအတိုင်းဖြေရှင်းကြကာပုံပြင်လေးကတော့ဒါပါဘဲကွယ်တဲ့ 😜😜
___________________________
Ph ကပျက်ေ်နလို့ကြာသွားတာပါ အခုလဲကို့phနဲ့မရတော့မနေနိုင်တဲ့အဆုံးမားသားphထဲinstallလုပ်ပလိုက်ပြီးရေးလိုက်ပြီ 😜😜 မတတ်နိုင်ဘူးလေ ရိုးသားရတာပေါ့ KY တွေအတွက် KYတစ်ပုဒ်လာမရ်လို့ 😍😍 တာ့တာ
