My little World (final)

2.7K 222 53
                                    

ကျွန်​မအသက်​၈နှစ်​မှာ ​မေ​မေနဲ့​ဖေ​ဖေက ၁၃မိုင်​က
ကွမ်းခြံ​တွေဆီ အိမ်​​ပြောင်းလာတယ်​။ကျွန်​မ​တောင်​ပေါ်မှာမ​နေချင်​ဘူး။ရန်​ကုန်​မှာလို တီဗီလည်းကြည့်​လို့
မရသလို သူငယ်​ချင်း​တွေလည်းမရှိဘူး​လေ။
ကျွန်​မတို့အိမ်​​ပြောင်းတဲ့ပထမ​နေ့မှာ အိမ်​နားမှာလာ
ရပ်​​နေတဲ့က​လေးတစ်​​ယောက်​​တွေ့တယ်​။မျက်​နှာက
ပေပွ​နေတာပဲ။ ကျွန်​မ​ပေးတဲ့သကြားလုံးကိုမစား
ပဲ ပစ်​ချပြီးထွက်​​ပြေးသွားတဲ့သူကိုကျွန်​မအမြင်​ကပ်
လိုက်​တာ။ဖေ​ဖေက​ပြောတယ်​ သူက ကရင်​မ​လေးဆို​တော့ သမီး​ပြောတာနားမလည်​လို့​နေမှာ​ပေါ့တဲ့။

နောက်​​နေ့ခြံ​ရှေ့မှာ​ ပန်း​တွေနဲ့​ဆော့​နေတဲ့သူ့ကို
ကျွန်​မစကားသွား​ပြောတယ်​။သူ့နာမည်​က လူစီ​ဖောတဲ့။နာမည်​​လေးကအရမ်းမိုက်​တာပဲ။

သူက​ရေကူးလည်း​တော်​တယ်​။ငါးမျှားလည်း​တော်
တယ်​။သချာင်္လည်း​တော်​တယ်​။စိတ်​ကူးလည်း​ကောင်း
တယ်​။သူတို့ စ​တော်​ဘယ်​ရီခြံမှာ စ​တော်​ဘယ်​ရီဆွတ်
ရတာ ကျွန်​မကြိုက်​တယ်​။

ကျွန်​မသူ့ကိုမြို့ ကို​ခေါ်သွားချင်​တယ်​။ ရန်​ကုန်​မှာဆို
ရင်​ သူဒီထက်​ပို​ကောင်းမယ့်​ အခွင့်​အ​ရေး​တွေရနိုင်​မှာ
ပဲ။လူစီက ချစ်​စရာ​ကောင်းတယ်​။ သူကိုယ်​တိုင်​က
မသိ​ပေမယ့်​ သူ့ကိုကြိုက်​​နေတဲ့သူ​တွေအများကြီးရှိ
တယ်​။ကျွန်​မသူ့ကိုနည်းနည်းမနာလိုဖြစ်​မိတယ်​။

ကျွန်​မ၃ဘာသာဂုဏ်​ထူးထွက်​တုန်းက​တော့ ​မေ​မေ
နဲ့​ဖေ​ဖေက လူစီကိုပဲချီးကျူးတာ။
လူစီက သိပ်​ရိုးလွန်းတယ်​။သူကကျွန်​မလုပ်​တဲ့
အတိုင်းလိုက်​လုပ်​တတ်​တယ်​။ဒါကိုကျွန်​မ မကြိုက်
ဘူး။ ဒါကcopyပဲ။သူ့ကိုယ်​ပိုင်​စိတ်​ကူးကိုအသုံး
မချပဲ ကျွန်​မကိုပုံတူလိုက်​ကူး​နေတာ။

ကျွန်​မ ကို နဲ့ချစ်​သူဖြစ်​ပြီးတဲ့​နောက်​မှာ သူနဲ့ကျွန်​မ
စကား​ပြောနည်းသွားတယ်​။သူစကားလည်းသိပ်​မ​ပြော
ဘူး ကျွန်​မနဲ့ကို ကို​တွေ့ရင်​လည်း မ​ကျေနပ်​သလို
ကြည့်​​နေတတ်​တယ်​။သူ့စိတ်​ကိုတကယ်​ကျွန်​မနား
မလည်​ဘူး။
နောက်​ပြီး ကို ကလည်းကျွန်​မတို့ချိန်း​တွေ့တာ​တောင်
လူစီ့အ​ကြောင်း​တွေချည်း​မေးတတ်​လာတယ်​​လေ။
ကျွန်​မ မနာလိုဘူး။ကို ကလူစီကိုကြိုက်​သွားမလား။
ဒါမှမဟုတ်​ လူစီက ကျွန်​မလုပ်​တဲ့အရာမှန်​သမျှနဲ့
ကျွန်​မကြိုက်​တာမှန်​သမျှကြိုက်​တတ်​သူဆို​တော့
ကို့ ကို​ရောကြိုက်​သွား​လေမလား။ကျွန်​မရင်​ထဲပူ​လောင်​လာတယ်​။

My Little World [GxG]Where stories live. Discover now