My little World

1.2K 160 2
                                    

"​ဟေမာန်​မင်း နဲ့ ကြယ်​စင်​နှင်း ဝိုး....နှင်းကိုပိုင်​တဲ့
ဟေမာန်​မင်း နံမည်​ ကအစလိုက်​ဖက်​တာပဲ​ဟေ့။"

"​ကျေးဇူး သူငယ်​ချင်းရာ ငါတို့ရယ်​ 3 month anniversary ကိုဂုဏ်​ပြု​ပေးလို့။"

လုလူ ကြယ်​စင့်​ကိုသာ​ငေးကြည့်​​နေမိတယ်​။သူပြုံး
နေတယ်​။သူလက်​​တွေက ​ဟေမာန်​မင်း ဆို​တဲ့
ယောက်ျားလက်​ကိုဆုပ်​ကိုင်​ထားတယ်​။သူ​ပျော်​​နေ
တဲ့ မျက်​လုံး​တွေက​နေ​တောင်​မြင်​​နေရတယ်​။
လုလူ သူ့ကိုဆုံးရှုံးရ​တော့မယ်​၊လုလူ ကြယ်​စင်​လက်
ကိုလွတ်​လိုက်​ရ​တော့မယ်​။

"ငါ့သူငယ်​ချင်းကြီး ကြယ်​စင်​နှင်း နဲ့​ဟော့ဒီက ကို​ဟေမာန်​မင်း​တို့ ဘဝခရီးလမ်း​ဖြောင့်​ဖြူးပါ​စေ။အို​အောင်​မင်း​အောင်​ ​ပေါင်းသင်းရပြီး သားသားမီးမီး​လေး​တွေလည်းအများကြီးရပါ​စေဟာ။"

"ဟယ်​...​မေဇင်​ကလဲ ငါတို့တွဲတာအခုမှ၃လပဲရှိ
သေးတာကို"

"အဲ့​တော့ အနာဂတ်​အတွက်​​ပေါ့ဟာ။"

"​ကျေးဇူးတင်​ပါတယ်​ဗျာ။ပေးတဲ့ဆုနဲ့ပြည့်​ပါ​စေဗျာ"

"ကို ​နော်​..."

ဟေမာန်​မင်း ဆိုတဲ့ လူရဲ့လက်​​မောင်းကိုခပ်​ဖွဖွထုပြီး
ပြုံးရယ်​​နေတဲ့ ကြယ်​စင်​၊ မဟုတ်​ဘူး အဲ့တာလုလူ
ရဲ့ ကြယ်​စင်​မဟုတ်​ဘူး။ လူ​တွေ​ခေါ်​ခေါ်​နေတဲ့
နှင်း ပဲ။

"လူစီနင်​က​ရော ငါတို့ကိုဆုမ​ပေးဘူးလား။"

ငါကဘာကိုဆု​တောင်း​ပေးရမှာလဲ ကြယ်​စင်​။သက်
ဆုံးတိုင်​လက်​တွဲသွား နိုင်​ပြီး ​ပျော်​ရွှင်​ရပါ​စေလို့လား။
အဲ့လိုဆိုရင်​ ငါနာကျင်​​နေရမှာနင့်​မသိတာလား။
ငါ့ရဲ့ကြယ်​က​လေးရယ်​ ဘာ​ကြောင့်​ ငါ့ရဲ့ကမ္ဘာကို
အမည်း​ရောင်​ အဖြစ်​ပြန်​​ပြောင်း​ပေးချင်​​နေတာလဲ။

"​အော်​...သူက ကြယ်​စင်​​ပြောပြတဲ့ ကြယ်​စင့်​သူငယ်​ချင်းလား။"

"ဟုတ်​တယ်​​လေ ကိုရဲ့ ကြယ်​စင့်​bff လူစီ​ဖော
တဲ့။ချစ်​စရာ​ကောင်းတယ်​မှတ်​လား။"

My Little World [GxG]Where stories live. Discover now