My little World

1.2K 145 2
                                    

လုလူတို့ဆယ်​တန်း​ရောက်​​တော့ ​တောင်​ငူမှာစာ​မေးပွဲ
သွား​ဖြေရတယ်​။ လုလူတို့နှစ်​​ယောက်​လုံးနှစ်​ချင်း
ပေါက်​​အောင်​တယ်​ လုလူက ၂ဘာသာပဲဂုဏ်​ထူးပါ
ပေမယ့်​ ကြယ်​စင်​ က ၃ဘာသာ​တောင်​ဂုဏ်​ထူးပါ
တယ်​။အမှတ်​ချင်းသိပ်​မကွာ​ပေမယ့်​လည်း လုလူ
အရမ်း​ပျော်​တယ်​။လုလူမှာအရမ်း​တော်​တဲ့သူငယ်​ချင်း
တစ်​​ယောက်​ကိုပိုင်​ဆိုင်​ထားတယ်​။

တက္ကသိုလ်​ ကို​တောင်​ငူမှာပဲ ဆက်​တတ်​မယ်​လုပ်​​တော့ ကြယ်​စင်​က ရန်​ကုန်​မှာတတ်​ချင်​တယ်​တဲ့။
ရန်​ကုန်​ဆိုတာသူအမြဲ​ပြောပြ​နေကြသူ့​မွေးရပ်​​မြေ
လေ။

လုလူ ကြယ်​စင်​နဲ့မခွဲချင်​ဘူး လုလူတို့ ရန်​ကုန်​မှာ
ကျောင်းအတူတတ်​နိုင်​ဖို့အပါးနဲ့​မေ​မေ့ကိုပူဆာတယ်​။
နောက်​ဆုံး​တော့ အပါးကခွင့်​ပြုလိုက်​တယ်​။

လုလူ ကြယ်​စင်​နဲ့အတူအ​ဆောင်​​နေပြီး​ကျောင်းတတ်​နိုင်​ပြီ။Computerဆိုတာ လုလူဘယ်​တုန်းကမှ
မမြင်​ဖူးခဲ့တဲ့အရာပါ။ကြားဖူးတယ်​ မသိဘူး။ဒါ​ပေမယ့်
အခု ကြယ်​စင်​နဲ့အတူ ကွန်​ပျူတာ တက္ကသိုလ်​ တတ်
ကြတယ်​။တကယ်​က လုလူမှာဖြစ်​ချင်​တဲ့ရည်​မှန်း
ချက်​မရှိဘူး။လုလူ ကြယ်​စင်​​နောက်​ကိုပဲလိုက်​ချင်​တာ။

ကြယ်​စင်​ကအသားညိုတယ်​ ဒါ​ပေမယ့်​အရပ်​ရှည်​တယ်​။ချောလည်း​ချောတယ်​။သူ့ကိုလာပိုးပန်းသူ​တွေ
အများကြီးပဲ။လုလူက အရပ်​နည်းနည်းပုတယ်​ မျက်​နှာ
ဝိုင်းပြီး အသားဖြူ တယ်​။ချစ်​စရာ​ကောင်းတယ်​လို့
ကြယ်​စင်​က​ပြော​လေ့ရှိတယ်​။သူများအမြင်​မှာလှတယ်
လို့အ​ပြောမခံရရင်​​နေပါ​စေ လုလူအတွက်​ကြယ်​စင်ရှိ​နေရင်​ရပါပြီ။

လုလူ ကြယ်​စင့်​ကိုစိတ်​မချဘူး။တကယ်​လို့များတစ်​စုံ
တစ်​​ယောက်​က ကြယ်​စင့်​ကို လုလူဆီကခိုးယူသွား
ရင်​ဘယ်​လိုလုပ်​မလဲ။ဟင်​အင်း အဲ့လိုမဖြစ်​ရဘူး
လုလူ လုံးဝ အဆုံးရှုံးမခံနိုင်​ဘူး။

ကြယ်​စင်​အခုတ​လော မူမမှန်​ဘူး။ဖုန်းကိုလည်းည
နက်​ထိကိုင်​ပြီး message ​တွေလည်းအကြာကြီး
ပို့တတ်​တယ်​။ လုလူ က​တော့ facebook ​လေး
သုံး မို့မို တို့နဲ့viber ch​at ပြီးရင်​အိပ်​တာပဲ။
လိုင်း​ပေါ်အကြာကြီးတတ်​​နေတာကို ကို့ကို က​တွေ့ရင်​လုလူကိုဆူအုန်းမှာ။

My Little World [GxG]Where stories live. Discover now