My little world

1.5K 166 6
                                    

နေသာတဲ့စ​နေ​နေ့တစ်​​နေ့ လုလူ အိမ်​​ရှေ့ကစံပယ်
ရုံနားမှာပန်းကောက်​​နေခဲ့တယ်​။လုလူတို့​တောင်​​ပေါ်
မှာခြံစည်းရိုးဆိုတာမရှိဘူး။အားလုံးကအပင်​​လေး​တွေ
နဲ့ပဲနယ်​​မြေသက်​မှတ်​ကြတာ။

"ဟဲ့ကရင်​မ​လေး။"

ခပ်​စူးစူးအသံ​သေး​သေး​လေး​ကြောင့်​ လုလူ ပန်း​ကောက်​​နေရာက​မော့ကြည့်​လိုက်​တယ်​။အဖြူ ​ရောင်
မှာအမည်းစက်​​တွေပါတဲ့ဂါဝန်​​လေးဝတ်​ထားတဲ့ ဟို
အငိုသန်​တဲ့​ကောင်​မ​လေး။သူ့လက်​ထဲကအရုပ်​က​လေးကချစ်​စရာ​ကောင်းလိုက်​တာ။

"နင်​ကဒီအိမ်​မှာ​နေတာလား။"

လုလူ ​ငေးကြည့်​ရင်းကို​ခေါင်းညိမ့်​လိုက်​တယ်​။

"​ရော့ နင်​ဟိုတစ်​ခါကမယူပဲထားသွားတဲ့အတွက်​ထပ်
ပေးတာ။"

ကောင်​မ​လေးကသူ့အရုပ်​ဗိုက်​ထဲကသကြားလုံး​တွေ
လုလူ လက်​ထဲကိုထည့်​​ပေးတယ်​။သူ​တော်​​တော်
သ​ဘော​ကောင်းတာပဲ။လုလူ လက်​နဲ့သူ့လက်​​သေး
သေး​လေး​တွေကထိ​နေတယ်​။သူကအသားနည်းနည်း
ညိုတာပဲ။

"ကရင်​မ​လေး နင့်​နံမည်​ဘယ်​လို​ခေါ်လဲ။ငါနံမည်​က
ကြယ်​စင်​နှင်း၊ ​မေ​မေတို့က နှင်းနှင်း ဒါမှမဟုတ်​ရင်​ မီးမီး လို့​ခေါ်တယ်​။"

ကြယ်​စင်​နှင်း....လုလူ တိုးတိုး​လေး​ရေရွတ်​လိုက်
တယ်​။နံမည်​​လေးကလှလိုက်​တာ။လုလူလည်းအဲ့လို
နံမည်​မျိုး​လေးလိုချင်​တယ်​။

"ငါနံမည်​က လုလူ"

"လုလူ!! ​ကျောင်းနံမည်​မရှိဘူးလား။"

လုလူ သကြား​လုံးလေး​တွေကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်
ထားလိုက်​တယ်​။

"ငါ့နံမည်​​ပြောပြရင်​ နင်​​ကောငါ့ကိုမုန်းမှာလား။"

"ငါကနင့်​ကိုခင်​ချင်​တာ​လေ မမုန်းပါဘူး။"

"ငါနံမည်​ လူစီ​ဖော"

"လူစီ​ဖော !!!! လူစီ​ဖော လူစီ​ဖော"

လုလူနံမည်​အရင်းကို​ရေရွတ်​​နေတဲ့သူမကိုကြည့်​ပြီး
လုလူသိလိုက်​ပြီ။သူလည်းလုလူကိုမုန်း​တော့မှာပဲ။

My Little World [GxG]Where stories live. Discover now