"ဟုတ်​ပါရဲ့ဗျာ။"

ကြယ်​စင်​!!! အဲ့လူက ကြယ်​စင်​ကို ကြယ်​စင်​လို့
ခေါ်လိုက်​တာလား။ လုလူ pepsiပုလင်းကိုလက်​နဲ့
ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ထားလိုက်​တယ်​။
ဘာလို့ ကြယ်​စင်​ကို သူ့ပါးစပ်​နဲ့ကြယ်​စင်​လို့အ​ခေါ်
ခံရမှာလဲ။

"ဟဲ့ မိန်းမ နှင်း ငါ့နင့်​ကို​မေးအုန်းမယ်​။လုလူ နဲ့
ကို​ဟေမာန်​ ဘယ်​သူ့ကိုပိုချစ်​လဲ​ပြောစမ်း။"

မေးတတ်​လိုက်​တာ ​မေဇင်​ရယ်​။လုလူမှာအဲ့လိုသတ္တိ
မျိုးမရှိတာပါ။လုလူ ရင်​ခုန်​​နေမိတယ်​။အ​ဖြေက သိပ်
သိသာလွန်း​နေပြီးသားပဲ။

"နင်​ကလည်း​ပြောစရာလို​သေးလားလို့။"

ဟေမာန်​မင်း ရဲ့လက်​​မောင်းကိုတွဲခိုမှီလိုက်​တဲ့
ကြယ်​စင့်​ ကို လုလူ ရင်​နာစွာကြည့်​​နေလိုက်​မိတယ်​။
ဒီမြင်​ကွင်း​တွေသန့်​စင်​သွား​အောင်​ လုလူ ​ခေါက်​ဆွဲ
ပန်းကန်​ထဲက ခရင်းနဲ့ မျက်​လုံး​တွေကို​ဖောက်​ထုတ်​ပစ်​ရင်​​ကောင်းမလား။

"Bffနဲ့Bf နဲ့ကွာတာကကွာတာ​ပေါ့။အချစ်​​တွေက
ဘယ်​တူပါ့မလဲဟယ်​။"

လုလူ ကြယ်​စင့်​လိုတစ်​ခါမှာပိုင်းခြားစိတ်​ဖြာမထား
ဖူးဘူး။ကြယ်​စင်​ဆိုတာ လုလူရဲ့ Top listမှာ
ပဲရှိခဲ့တာ။ content No.1မှာMy star
လုလူ ရဲ့ဒိုင်​ယာရီ My little world ထဲမှာ ကြယ်​က​လေးက ကြယ်​စင်​။လုလူ ပစ္စည်း တစ်​ခု
ဝယ်​တိုင်းအခြားတစ်​ခုက ကြယ်​စင်​အတွက်​ပဲ၊
လုလူ ကိုကြိုက်​တဲ့သူ​တွေကို​တောင်​ ဂရုမစိုက်​ပဲ
ကြယ်​စင်​ မျက်​နှာကိုပဲကြည့်​​နေခဲ့တာ။သူငယ်​ချင်းနဲ့
ချစ်​သူက ဒီ​လောက်​​တောင်​မှကြီးမားတဲ့ခြားနားမှု
ရှိ​နေတာလား။လုလူ အ​နေရကြပ်​လာပြီ။

"နင်​တို့​ကြောင့်​အခြားသူမျက်​ရည်​မကျရတဲ့အချစ်​မျိုး
ပိုင်​ဆိုင်​ထားပါ​စေဟာ။"

လုလူ လှည့်​မကြည့်​ပဲ စား​သောက်​ဆိုင်​ကထွက်​ခဲ့တယ်​။ကြယ်​စင်​နင်​သိလား။ငါ့မျက်​လုံးက မျက်​ရည်
တွေကျ​နေတယ်​။ငါငို​နေရတယ်​။ငါနင်​တို့အချစ်​ဇာတ်
လမ်း​ကြောင့်​ငို​နေရတယ်​။ငါ​ပေးတဲ့ဆုနင်​တို့မပြည့်
ဘူး​နော်​။.........

ကြယ်​စင်​က ချစ်​သူရှိပြီဆို​တော့ လုလူနဲ့အ​ခေါ်အ​ပြော
နည်းလာတယ်​။လုလူကနဂိုတည်းကအဲ့လိုမျိုးအပိုင်း
မှာစိတ်​ဝင်​စားသူမဟုတ်​လို့ ကြယ်​စင်​နဲ့​မေဇင်​မှာ​ပြော
စရာ​တွေပိုများသွားတာဖြစ်​ပါလိမ့်​မယ်​။

ကျောင်းက project တစ်​ခု​ပေးတယ်​။own idea နဲ့ story တစ်​ပုဒ်​ကို animation လုပ်
ဖို့။လုလူ ရဲ့animationအ​ရွေးခံရတယ်​။ဒါ​ပေမဲ့
ဇာတ်​လမ်း က​ကြောက်​စရာ​ကောင်းတယ်​တဲ့။

ဘာလို့လူ​တွေအဲ့လိုထင်​တာလဲ။ အဲ့ပုံပြင်​ထဲမှာ
သိပ်​ချစ်​ကြတဲ့ ငန်းအမွှာရှိတယ်​။တစ်​​နေ့အမွှာထဲက
တစ်​​ယောက်​က လူသားနဲ့ကြိုက်​မိတယ်​။တကယ်
တော့လူသားက သူရဲ့​ရွှေ​ရောင်​​လေဥ​တွေကိုပဲလို
ချင်​တာ။ငန်းမ​လေး ​ရွှေဥအစစ်​ဥ​တော့ လူသားက
ငန်းမ​လေးကိုသတ်​ပစ်​တယ်​။အဲ့မှာကျန်​တစ်​​ကောင်​က
မီးဖို​ပေါ်ကသူ့အမွှာကို​တွေ့ပြီးမျက်​ရည်​ကျရင်း လူသား
ယောင်​​ဆောင်​ပြီး အဲ့အိမ်​မှာပဲတည်းရာက ညအချိန်
မှာလူသားကို သူ့နှုတ်​သီးနဲ့ထိုးဆိတ်​သတ်​ပစ်​တယ်​။
ပြီး​တော့နှလုံးကိုထုတ်​ပြီး သူတို့အရင်​အတူ​နေခဲ့တဲ့
ကန်​က ​သေသွားတဲ့ငန်းမ​လေးရဲ့က​လေး​တွေကို
ကျွေးလိုက်​တယ်​။ဖွေး​ဖွေးဖြူ တဲ့အ​တောင်​တို့ကအနီ​ရောင်​ကို​ပြောင်းသွားတယ်​။သူအသစ်​တစ်​ဖန်​ပြန်​​မွေး
ဖွားလာတာက ဖီးနစ်​ငှက်​အဖြစ်​ လူသား​တွေကိုမုန်း
တဲ့ဖီးနစ်​ငှက်​အဖြစ်​။

လုလူ လည်း ကြယ်​စင်​သာ တစ်​ခုခုဖြစ်​ရင်​ ဟေမာန်​မင်း ရဲ့နှလုံးသားကို​ဖောက်​ထုတ်​ပစ်​မှာ။ဒါကဆုရရုံ
သက်​သက်​၂ပတ်​​လောက်​အိပ်​​ရေးပျက်​ခံပြီးဆွဲထား
တာမဟုတ်​ဘူး။ လုလူ ကြယ်​စင့်​ကိုပြချင်​တာ လုလူ
ဟာ ကျန်​ငန်းတစ်​​ကောင်​ပါလို့်။

My Little World [GxG]Donde viven las historias. Descúbrelo ahora