My little world

Začít od začátku
                                    

နောက်​တစ်​ခါတတ်​နင်းရင်​ ​လေးခွနဲ့ပစ်​ဖို့ လုလူ
လောက်​စာလုံးထားတယ်​။အော်​...ပြီး​တော့လုလူမှာ
ရွှံ့ ရုပ်​က​လေး​တွေလည်းရှိတယ်​သိလား။
အတုံး​လေးမှာမှ ငှက်​​ပျောဖူးနုနု​လေးတပ်​ထားတဲ့
ဆင်​​လေးရယ်​။သူ့နားရွက်​​တွေကို စံပယ်​ရွက်​နဲ့စိုက်
ထားတယ်​။ပြီး​တော့ ​ခွေးရုပ်​က​လေးရယ်​ လူရုပ်​က​လေးရယ်​။သူတို့က လုလူ အပိုင်​​တွေ သူတို့ကိုလာလု
တဲ့သူ​တွေအားလုံးကို လုလူအားကြီးမုန်း​နေ​တော့မှာ။

အမဲလိုက်​သွားတဲ့လူ​တွေနဲ့ဟိုအသားမဲမဲဗမာစစ်​သား
ဆိုလား သူတို့က လုလူရဲ့ရန်​သူ​တွေ။လုလူ သူတို့ကို
တိုက်​ခိုက်​ဖို့လက်​နက်​လည်း​ဆောင်​ထားတယ်​။
ဒါ​ပေမယ့်​ သူတို့ကအဆိုးကြီး​တော့မဟုတ်​ပါဘူး။
အမဲပစ်​သွားတဲ့ အတီး(ဦး​လေး)
တွေက လုလူအတွက်
အ​ကောင်​​လေး​တွေဖမ်းလာ​ပေးတယ်​။ရှဉ့်​​သေး​သေး
လေး​တွေ။လင်းနို့​လေး​တွေ။နောက်​ပြီးယုန်​​ပေါက်​​လေး​တွေ။ ဒါ​ပေမယ့်​ အဲ့တာက ချက်​စားလိုက်​တာများ
ပါတယ်​။ လုလူ မို့မိုကိုမမုန်းပါဘူး လုလူမှာ ကြက်
က​လေး​တွေရှိတာပဲ။
ဗမာစစ်​သား​တွေ လုလူ စ​တော်​ဘယ်​ရီခင်းကိုတတ်
နင်းသွားရင်​ လုလူတတ်​သမျှနဲ့​အော်​ဆဲတတ်​တယ်​။
သူတို့ကရယ်​တယ်​။ကယ်​ပဲ ဘယ်​လိုလူကြီး​တွေလည်းမသိ သူများကဆဲတာကိုရယ်​ကြတယ်​လို့။ပြီး​တော့
လုလူ စိတ်​ဆိုး​ပြေ​အောင်​ သူတို့ ဗိုလ်​ကြီးဆိုတဲ့အတီး
က​လေ လုလူကို အဖြူ ​ရောင်​အလုံးချို ချို ​လေး​တွေ
ကျွေးတယ်​။လုလူ​လေ တစ်​ခါတည်းမျို ချပစ်​လိုက်
တာ ဟီး။ သူက​ပြောတယ်​ ငုံထားတဲ့။ကွမ်းသီးငုံ
သလိုမျိုးတဲ့။ တကယ်​​လေ အဲ့အလုံး​လေး​တွေကချို
တယ်​သိလား။ ဘာလဲ သူတို့​ခေါ်တာ သကြားလုံး
လားပဲ။ ဘာပဲဖြစ်​ဖြစ်​ ပါ လုလူ ကိုပြန်​​လျော်​​ပေးလို့
ကြိုက်​တယ်​။စ​တော်​ဘယ်​ရီးသီးမစားရ​တော့​ပေမယ့်
သကြားလုံး စားရတယ်​​လေ။

လုလူ က၅နှစ်​ပြည့်​​တော့မှာ ၅နှစ်​ပြည့်​ရင်​ ​အောက်​ဆင်းပြီးစာသင်​လို့ရပြီ။သူငယ်​ချင်း​တွေလည်းများကြီး
ရှိ​တော့မှာ။ လုလူ ​ပျော်​တယ်​။ လုလူတို့အ​ပေါ်ပိုင်း
မှာ လုလူနဲ့ရွယ်​တူသူငယ်​ချင်းမရှိဘူး:'( ကို့ကိုက
တက္ကသိုလ်​ လား ဘာလားတတ်​ရ​တော့တောင်​ငူမှာ
သွား​နေတယ်​​လေ။
မို့မို ကမ​ကောင်းဘူး။လုလူ့ကိုမချစ်​ဘူး လုလူအတွက်
သူငယ်​ချင်း​လေး​ယူပေးပါဆိုမ​ယူပေးဘူး​လေ။😭

My Little World [GxG]Kde žijí příběhy. Začni objevovat