My little world

4.9K 217 8
                                    

နွေရာသီဖရဲသီး​ပေါ်ချိန်​​ရောက်​ရင်
အပါး(အ​ဖေ) က​တောင်​ငူ
က​နေသူ့ကားကြီးကြီးနဲ့သယ်​လာ​ပေးလိမ့်​မယ်​။ကြက်
မောက်​သီး​တွေကခြံထဲကရတယ်​။အဲ့တာ​ကြောင့်​ဝယ်
စားစရာမလိုဘူး။ ​တောင်​ကျမိုး​တွေရွာရင်​ အိမ်​​ရှေ့က
တောင်​ကုန်း​ပေါ်​ရေထွက်​ချိုးမယ်​။မိုးမရွာရင်​ပသိ​ချောင်းထဲဆင်းချိုးရမှာပဲ။ လုလူ က​ရေကူးသိပ်​​တော်
တာ။၁၃မိုင်​မှာ လုလူ ထက်​​ရေကူး​တော်​တာမရှိဘူး။

မို့မို(​မေ​မေ)ကအဝတ်​​တွေခဏခဏစိုရင်​မကြိုက်​ဘူး။၁၃မိုင်​မှာ​ရေက​ရေရှားတယ်​။ဒါ​ကြောင့်​ အဝတ်​အစား​တွေ​ချောင်း​ဘေးမှာပုံပြီးမှာရေချိုးရမယ်​။ညစ်ပတ်နေတဲ့အဝတ်
ကို​​​​ခွေး​တွေဆွဲသွားတာမခံချင်​ရင်​​တော့ သစ်​ပင်​​ပေါ်
ချိတ်​ထားရမယ်​။မဟုတ်​ရင်​ နင့်​အဝတ်​​တွေပြန်​ရဖို့
အခြားရွာထိသွားရလိမ့်​မယ်​။

ဆင်​ကြယ်​ဖိနပ်​ကိုလက်​တစ်​ဖက်​စီမှာစွပ်​ပြီးအိမ်​ကို
ပြေးပြန်​မယ်​။အိမ်​မှာ လုလူနဲ့​ဆော့​ပေးမယ့်​သူမရှိ
ဘူးပျင်းဖို့​ကောင်းတယ်​။ဒါ​ပေမယ့်​ လုလူမှာ အပါးသစ်​ဖြတ်​တုန်းကလုပ်​​ပေးထားတဲ့သစ်​သားရုပ်​​လေး​ရယ်
မိုမို့ဝက်​စား​ကျွေးလို့ပိုတဲ့ငှက်​​ပျောတုန်းရုပ်​က​လေး​တွေရှိတယ်​။လုလူသူတို့နဲ့ပဲ​နေ့တိုင်းကစားတယ်​။မို့မို
က ​အောက်​မဆင်းရဘူးတဲ့။နေပူရင်​နှာ​ခေါင်း​သွေး
ယိုလိမ့်​မယ်​တဲ့။အောက်​မှာ မြို့ကလူစိမ်း​တွေလာပြီး
ဖမ်း​ခေါ်သွားလိမ့်​မယ်​လို့လည်း​ပြောတယ်​။

လုလူ မ​ကြောက်​ပါဘူး။ဘာလို့ဆို လုလူ အပါးဆီမှာ
သေနတ်​ကြီးကြီးတစ်​ခုရယ်​ ဓားအရှည်​ကြီးတစ်​ခုရယ်
ရှိတယ်​​လေ။ဒီအ​ပေါ်ရွာမှာ လုလူ့ အပါးကအ​တော်
ဆုံးပဲ။

ဆေးတံ​သောက်​​နေတဲ့ ဖီးဖီး(ဖွားဖွား)
ဘေးမှာ အရုပ်​​တွေနဲ့စစ်
တိုက်​မယ်​။ လုလူ့တို့အ​ပေါ်ရွာကိုမကြာခဏ ​သေနတ်
ကိုင်​ထားတဲ့ဦးထုပ်​နဲ့ အသားမဲမဲလူ​တွေ​ရောက်​လာ
တတ်​တယ်​။ မိုမို့က​ပြောတယ်​ အဲ့တာ ဗ​ရောစစ်​သား
တဲ့။ဗ​ရောဆိုတာ ​အောက်​ရွာမှာပဲအ​နေများတဲ့သူ​တွေ
လေ။ ကို့ကိုကြီးရဲ့စာအုပ်​​တွေထဲမှာက ဗမာလို့​ခေါ်
တယ်​တဲ့။ လုလူ မသိပါဘူး ဘယ်​သူ​တွေလဲ။ လုလူ
သိတာက သူတို့ လုလူ စိုက်​ထားတဲ့စ​တော်​ဘယ်​ရီ
ခင်းကိုတတ်​နင်းသွားရင်​အရမ်းမုန်းတယ်​ဆိုတာပဲ။

My Little World [GxG]Where stories live. Discover now