Part - 2

5.7K 551 2
                                    

သုံးမိနစ်​**

သည်​သုံးမိနစ်​ကို ကျ​နော်​ မရပ်​မနား ​ပြေးနိုင်​မယ်​ဆို ကျ​နော့်​အတွက်​ အဆင်​​ပြေပါလိမ့်​မယ်​။

သို့​ပေမယ့်​လည်း ကျ​နော်​ မတတ်​နိုင်​ပါ...

ခုနက ကျ​နော်​တို့ အိမ်​နားက​နေ ခု ​ကျောင်းကို လှမ်းမြင်​နိုင်​သည့်​အကွာအ​ဝေးအတွက်​ မနားတမ်း​ပြေးလာခဲ့ရ​သော​ကြောင့်​ ကျ​နော့်​အသက်​ရှူနှုန်း ​မောဟိုက်​စွာ မြန်​ဆန်​​နေပါသည်​။

ခြေ​ထောက်​ များလည်း ​ခွေယိုင်​လဲမတတ်​။

စာတခုတည်း အာရုံစိုက်​လာခဲ့​သော ကျ​နော်​သည်​ ယခုအချိန်​တွင်​ အားကစားနည်းနည်းပါးပါး လုပ်​မိခဲ့ရင်​ အ​ကောင်းသား ဟု ​တွေး​နေမိ​သော်​လည်း မဖြစ်​နိုင်​​တော့ပါ။

* ကျွီ *

ကျောင်းတက်​ရန်​ တစ်​မိနစ်​အလို~~

ကျောင်း​စောင့်​ဦး​လေးကြီး၏ ​ကျောင်းတံခါးသံပန်းကို စတင်​ဆွဲပိတ်​​နေသည့်​အသံ။

မဖြစ်​ဘူး....ကျ​နော့်​အသက်​ရှူသံ​တွေ ပိုမြန်​လာ​ပေမယ့်​ ​ခြေ​ထောက်​​တွေက ပုံမှန်​လှမ်း​နေရသည့်​အ​နေအထားမို့.....

မောပန်းနွမ်းနယ်​ခြင်းမရှိတဲ့ လက်​တဖက်​ကိုသာ အသုံးပြုမိရဲ့~~

* ဝှီး....ဘုတ်​ *

Chanyeol ​ကျောပိုးအိတ်​​လေး ​ကျောင်းထဲကို ​ရောက်​သွား​သော်​လည်း လူက ​ကျောင်းထဲမ​ရောက်​​သေးပါ။

ဒါမယ့်​ ​ကျောပိုးအိတ်​ပိုင်​ရှင်​ကို​တော့ ​ကျောင်း​စောင့်​ဦး​လေးကြီး က တံခါးမပိတ်​​သေးဘဲ ​စောင့်​​ပေး​နေပါသည်​။

" Gamsamitha! Arjushi "

Wow!!! ​ကျောင်းထဲ​ရောက်​ပီ...​ကျောင်း​စောင့်​ဦး​လေးကြီး ကို ​ကျေးဇူးတင်​စကား​ပြောပီး ကျ​နော့်​​ကျောပိုးအိတ်​​လေးကို ​ကောက်​မယ်​အလုပ်​...

" Park Chanyeol...​နောက်​မကျစဖူး ​နောက်​ကျလို့...သွားတန်းစီပါ "

ဟိုက်​! သွားပီ ကျ​နော်​​တော့သွားပီ...​မောကြီးပန်းကြီး ​ပြေးလာရတဲ့အထဲ ဒဏ်​​ပေးခံရဦးမယ်​...

Baby Park & Teacher ByunWhere stories live. Discover now