ဟို​ကောင်​​လေးပဲဟ....ငါ့ကို ဆရာမှန်းသိလို့ အံ့သြသွားတာပဲ!

" Nae...Sam! Gamsamitha "

Chanyeol ဦးညွတ်​အရိုအ​သေ​ပေးပီး အတန်းထဲဝင်​လာကာ  ​နေရာတွင်​ ထိုင်​မယ်​အလုပ်

" ​ဟေး...မင်း​မထိုင်​ရဘူး ....​နောက်​ကျတဲ့အတွက်​! ၁၅မိနစ်​ တိတိ ​နောက်​ကျတာပဲ။ ဒါမယ့်​ ငါ့ရဲ့ ပထမဆုံးရက်​မို့ ဒီ​လောက်​နဲ့ ခွင့်​လွှတ်​လိုက်​မယ်​...​ကျောင်းသားအကုန်​လုံး မှတ်​ထားကြ။ ငါ့အချိန်​မှာ တစ်​မိနစ်​​နောက်​ကျလည်း အပစ်​​ပေးခံရမယ်​...ဒါနဲ့ ဟို​ကျောင်းသား...မင်းနာမည်​​ပြော.."

" Park Chanyeol ပါ Sam "

Chanyeol ​တော်​​တော်​လန့်​သွားမိသည်​။ ပထမဆုံးရက်​မှာတင်​ ​ကြောက်​ဖို့​ကောင်းလွန်း​သော ဆရာကိုကြည့်​မိရင်း မျက်​နှာ​လေးနဲ့ မလိုက်​ဖက်​ဟု ​တွေး​နေမိသည်​။ ဒီ​နေ့ ကံမ​ကောင်းဘူး ခုလည်းမထိုင်​ရပြန်​ဘူးဆို​တော့ ဒီတမနက်​လုံး ​ပြေးလွှားဒဏ်​​ပေးတာလည်း ခံရနဲ့ ​ခြေ​ထောက်​​တွေ အရမ်း​ညောင်း​နေပီ....

" Park Chanyeol? ဒါဆို ဒီအတန်းရဲ့ အတန်း​ခေါင်း​ဆောင်​​ပေါ့....အတန်း​ခေါင်း​ဆောင်​ တ​ယောက်​ဖြစ်​ပီး ​နောက်​ကျ​နေရလား...မင်းက ​ကျောင်းသား​တွေရဲ့ စံပြနမူနာ ဖြစ်ရမှာ​လေ...အချိန်​ကိုမ​လေးစားဘူး...​ကျောင်းသားဖြစ်​ပီး! ​တောက်​...ငါက အချိန်​မ​လေးစားရင်​ သိပ်​မုန်းတာ...မင်း ဒီတပတ်​လုံး ငါ့စာသင်​ချိန်​​တွေကို မတ်​တပ်​ရပ်​ပီးပဲ သင်​ရမယ်​ "

" Nae...Sam! ကျ​နော်​မှတ်​ထားပါ့မယ်​ "

>>>>>>>>>>

" အမည်​ - Byun Baekhyun. အသက်​ ၂၇။ ဆိုးလ်​တက္ကသိုလ်​ မှ သင်္ချာအထူးပြုဖြင့်​ ဘွဲ့ရခဲ့။ ဆရာလုပ်​သက်​ ၄နှစ်​။ ထို၎နှစ်​အတွင်း ​ကျောင်း​ပေါင်း ဆယ်​​ကျောင်းခန့်​ ​ပြောင်း၍ စာသင်​ခဲ့။ Byun Sam မှာ ငယ်​ရွယ်​​ချော​မောပီး လူပျိုလူလွတ်​တဦးဖြစ်​..."

" ya! ya! Zhang Yixing မင်း သတင်း​ကြေငြာ​နေတာလား စကားကိုနား​ထောင်​​ကောင်း​အောင်​ ​ပြောစမ်းပါ "

Yixing ရဲ့ ရှည်​လျားတဲ့ ဖတ်​ကြားမှုမပီးဆုံးခင်​ Luhan အသံထွက်​​ပေါ်လာ​လေရဲ့။

" မင်းဘာသိလို့လဲ Luhan! ငါ ဒီစာရွက်​ကိုရဖို့  ဘယ်​လိုလုပ်​ခဲ့ရလဲသိလား "

" အင်း....ငါသိချင်​တယ်​ ​ပြောပါဦး "

ကျ​နော်​က Yixing ကို စကား​ထောက်​​ပေးလိုက်​​ပေမယ့်​ Luhanက​တော့ မသိသလို ထမင်းငုံ့စား​နေသည်​။

ဒါမယ့်​ သူ့နားကိုစွင့်​ထားတယ်​ဆိုတာ အသိသာကြီးပါ။

" Chanyeol အဲ့ဒါမင်း​ကြောင့်​​နော်​! မင်းလိုစာ​တော်​ပီး ထူးချွန်​လိမ္မာတဲ့ ​ကျောင်းသားတ​ယောက်​ကို မျက်​နှာသာမ​ပေးတဲ့ ဆရာအသစ်​အ​ကြောင်း သိချင်​လို့ သွားစုံစမ်းတာ ဟွန်းးး "

" အဲ့ဒါ​တော့ ဘယ်​​ပြောရမလဲကွ! သူကခုမှ​ရောက်​လာတာဆို​တော့ ငါ့အ​ကြောင်း ဘယ်​သိမလဲ "

" Zhang Yixing! မင်း စာရွက်​ကိုဘယ်​လိုရလာလဲ ​ပြောမယ်​ဆို။ "

လက်​ထဲက တူကိုချလိုက်​ပီး " Byun Baekhyun Sam profile " ဆိုတဲ့ စာရွက်​​လေးကို ကိုင်​လှုပ်​ပြရင်း ​ပြောလာတဲ့ Luhan ​ကြောင့်​ Yixing ဦးတည်​ချက်​ ​ပြောင်းသွားပြန်​တယ်​။

" ငါ​လေ...အဲ့စာရွက်​ကို ဝမ်​၅၀၀၀ ​ပေးပီးဝယ်​ခဲ့ရတယ်​။ ပီး​တော့ မိန်းက​လေး​တွေကြားထဲ ငါ့မှာ ​ယောကျာ်း​လေးတန်​မဲ့ တိုး​ဝှေ့ဝယ်​လာရတာ "

" ဘာာ!!! ဒီစာရွက်​က ဝမ်​၅၀၀၀??? O_O "

" ဘယ်​သူ့ဆီက ဝယ်​တာလဲ "

မျက်​လုံးပြူးမျက်​ဆန်​ပြူးနဲ့ ​မေးတဲ့ Luhanကို​ရော၊ သိချင်​လို့​မေးလာတဲ့ ကျ​နော့်​ကို​ရော Yixing က လက်​ကာပြတယ်​။

" stop! ​ပြောပြမယ်​....စာရွက်​က ဝမ်​၅၀၀၀ဆိုတာ စာရွက်​ဖိုးမဟုတ်​ဘူး။ Byun Sam ​အ​ကြောင်းမို့လို့ အဲ့လို​ပေးရတာ....မင်းတို့ ဒီချိန်​ ဝမ်​၂၀၀၀၀ နဲ့ သွားဝယ်​လည်း ​ရောင်းမယ့်​သူမရှိဘူး။ ပီး​တော့ စပ်​စုစိန်​ JongDae ဆီက ဝယ်​ရတာ "

Yixing က ​ပြောလို့​မောသွားဟန်​နဲ့ ​ရေခွက်​ကိုယူပီး တဂွပ်​ဂွပ်​​မော့​သောက်​သည်​။

ကျ​နော်​လည်း Luhan လက်​ထဲက စာရွက်​​လေးကို ဆွဲယူပီး ဟိုကြည့်​ဒီကြည့်​နဲ့ ကျ​နော့်​​ဘောင်းဘီအိတ်​ကပ်​ထဲ မသိမသာ ထိုးထည့်​လိုက်​​တော့သည်​.....

×××××××××××TBC××××××××××

Baby Park & Teacher ByunWhere stories live. Discover now