ကြိမ်​လုံး​လေး လက်​က ​ဝှေ့ယမ်းပီး ​ပြောတဲ့ Sam Siwon ရဲ့ စကားသံအဆုံး ကျ​နော်​ ရှုံ့မဲ့မိသည်​။

" 1,2,3 start!!!! "

Sam Siwon ရဲ့ counting သံ အပီး ​နောက်​ကျတဲ့ ​ကျောင်းသား​တွေ နားရွက်​ကို လက်​ကဆွဲရင်း ​ကျောင်းပတ်​​ပြေးခြင်း အစီအစဉ်​ စ​တော့သည်​။

ဟင်း...ဟင်း....ကြည့်​ပါဦး ဟို​ကျောင်းသား​လေး လည်​လိုက်​တာ....​ကျောင်းတံခါးပိတ်​ခါနီး လူကမ​ရောက်​​သေး​တော့ ​ကျောပိုးအိတ်​ကို ​ကျောင်းထဲလှမ်းပစ်​လိုက်​တယ်​​လေ....မလွယ်​ဘူးပဲ။

အိုး! ဟို​နေ့က ကျ​နော့်​ကို Dara Sunbae အိမ်​ လိုက်​ပို့​ပေးတဲ့ ​ကောင်​​လေးပဲ...သူက ​ကျောင်းသား​လေးကိုး...

" Byun Baekhyun Sam! ဘာလုပ်​​နေတာလဲ လာ​လေ Byun Sam သင်​ရမယ့်​အခန်းကို လိုက်​မိတ်​ဆက်​​ပေးမယ်​ "

" ဟုတ်​ကဲ့...သွားကြတာ​ပေါ့ Lee Sam :) "

Baekhyun ​သောက်​​နေကျဖြစ်​တဲ့ ​သောက်​လက်​စ စီးကရက်​​လေးကို ပြတင်း​ပေါက်​​ဘောင်​နဲ့ ထိုး​ချေလိုက်​ရင်း ပြန်​​ပြောလိုက်​သည်​။

>>>>>>>>>>>>

Aiyo! ​မောလိုက်​တာ...ကံမ​ကောင်းရှာဘူး စည်းကမ်းကြီး၊ ​ကြောက်​ဖို့​ကောင်းတဲ့ Siwon Sam နဲ့မှ တိုးရတယ်​လို့....

Siwon Sam က စည်းကမ်းလည်းကြီး​သေး၊ အပစ်​လည်း​ပေး​သေး၊ သြဝါဒလည်း​ချွေဆို​တော့ စာသင်​ချိန်​​ ၁၅မိနစ်​ ​နောက်​ကျသွားပီ။

သင်္ချာဆရာ Lee အပစ်​​ပေးခြင်းမှ ကင်းလွတ်​ရပါလို၏

" ဝင်​ခွင့်​ပြုပါ...Sam! "

" ok! You can...."

ဟင်​....Lee Sam လည်း မဟုတ်​ဘူး ဟို​နေ့က ကျ​နော့်​ရဲ့ စွဲလမ်းမှုပိုင်​ရှင်​​လေး....သူက ဆရာ လား...ဆရာအသစ်​ထင်​တယ်​....

Oh! My God!!!!

ကျ​နော်​စိတ်​ဝင်​စား​နေတဲ့သူက ကျ​နော့်​ဆရာတဲ့လား....ဘယ်​လို​တွေ့ဆုံမှုလဲ ကံတရားရယ်​!

" ​ဟေး...​ကျောင်းသား! ဝင်​​လေ "

အံ့သြမှုအစုံနဲ့ မတ်​တပ်​ရပ်​ပီး မျက်​လုံးပြူး​နေတဲ့ Chanyeol ကို Baekhyun ​ပြောရ​လေသည်​။

Baby Park & Teacher ByunWhere stories live. Discover now