"Cause of him "

Începe de la început
                                    

အဖြစ်​အပျက်​ က​လေ... drama တစ်​ခုရဲ့ sense လိုပဲ...

သူ​ရော ကျွန်​​တော်​ ပါ ​ကြောင်​အ တုန်​လှုပ်​ပျက်​စီးလို့ ..အရာရာ ပြိုအက်​နင့်​စူး​နေတယ်​...

ဟက်​ ... ကျွန်​​တော့်​ ပထမဆုံး အချစ်​က အာ့​လောက်​​တောင်​ စုတ်​ပြတ်​သတ်​ ခဲ့သလား ....ဟင်

ရင်​ဘတ်​ထဲက နှလုံးသားက ​တော့ သူ ချနင်းထားလို့ ​ကြွေမွ ပျက်​စီး​လောက်​​ပေါ့...

"ပထမဆုံး​သော ​တွေ့ဆုံခြင်းပါ ​တွေ့ရတာ ၀မ်းသာပါတယ်​.."

ကျွန်​​တော်​ ဟန်​မပျက်​ လက်​ကမ်း​ပေးလိုက်​​တော့ .. သူက ​ကြောင်​အ စွာနဲ့ လက်​ဆွဲနှုတ်​ဆက်​တယ်​...

"ကျွန်​​တော်​ ​ရော ပဲ ၀မ်းသာပါတယ်​ "

အေးစက်​​နေတဲ့ သူ့လက်​က စိတ်​လှုပ်​ရှားမှု​တွေ အတိုင်းအဆမဲ့ ဖြစ်​​နေသလိုပဲ....

ကျွန်​​တော့်​ဘက်​ကပဲ ဖြစ်​ဖြစ်​ အလိုက်​သိစွာ မသိချင်​​ယောင်​​ဆောင်​​ပေးရမယ်​​လေ ...

Xiu noona အတွက်​....

Xiao lu အတွက်​ .....

ကျွန်​​တော်​ မ​နေတတ်​စွာ အ​ရှေ့မှာ အဆင်​သင့့်ချထားတဲ့ Coffee ကို ငုံ​သောက်​မိ​တော့ coffee က လည်​​ချောင်းတစ်​​လျှောက်​ ခါးသီးစွာ စီးဆင်းသွားတယ်​...

Americano ...

အင်း​နော်​.. သူကြိုက်​တဲ့ Americano က သိပ်​ခါးခဲ့တာပဲ...

"Hun ... ဒါ က Xiao luhan တဲ့ Xiu ချစ်​သူ​လေ"

ကျွန်​​တော့်​ ကို ပြုံးပြီး ရှင်းပြ​နေတဲ့ noona ကို ကျွန်​​တော်​ အလိုက်​သင့်​ပြန်​ပြုံးပြလိုက်​တယ်​...

~~ ​ကြေကွဲဆို့နင့်​မှု အတိ...ဖြင့်​ ~~

* Xiu ချစ်​သူ တဲ့လား ..*

noona ရယ်​ ...

ကျွန်​​တော်​​လေ ... ဒီလူ ကို သိပါတယ်​...

သူ ကြိုက်​တဲ့ Americano ကို လည်း ကျွန်​​တော်​ သိတယ်​...

သူ သ​ဘောကျတဲ့ Iron man ကို လည်း ကျွန်​​တော်​သိတယ်​...

သူ အရမ်းချစ်​တဲ့ ​ခွေး​လေး ကိုလည်း ကျွန်​​တော်​ သိတယ်​...

သူ အမြဲသုံးတက်​တဲ့ ​ရေ​မွှေးတံဆိပ်​ က အစ .. သူ ၀ယ်​၀တ်​တက်​တဲ့ brand ​တွေ​က အစ ...

ဒီ​ကောင်​က​လေ ...အစအဆုံး သူ့ ဖိနပ်​​တောင်​ စီး​ပေးဖူးခဲ့တဲ့လူပါ..

" lu ... သူက Oh sehun.. တဲ့ Xiu ​မောင်​​လေး"

Xiu noona က သူ့ဘက်​လှည့်​ပြီး မိတ်​ဆက်​ပြန်​​တော့ သူ့ ကျွန်​​တော့်​ကို အရင်​လို စိုက်​ကြည့်​​နေတယ်​..

မျက်​နှာချင်းဆိုင်​ အကွာအ​ဝေး​လေးကြား ​သွေး​အေး တိုက်​ပွဲ ​တွေ ဖြစ်​​နေသလိုပဲ ....

သူ့မျက်​၀န်း​တွေ ​ဆောက်​တည်​မရစွာ တုန်​ရီ​နေတယ်​..

သူ့ နှုတ်​ခမ်း​တွေ အက်​ရှ​ခြောက်​ကပ်​လို့....

ပြောပြပါလား...

ဘယ်​ဟာ က အမှန်​တရား လဲဟင်​. . Xiao lu ah..

ကျွန်​​တော်​ ... နှုတ်​ခမ်းကို ​သွေးစို့လု မတတ်​ဖိကိုက်​ရင်း .. လက်​ဖျံ​ပေါ်က ပိုင်​ရှင်​ ကင်းမဲ့​နေတဲ့ စကားလုံး​လေးကို ငုံ့ကြည့်​လိုက်​တယ်​....

"Mine " တဲ့ ...

သူ့​ကြောင့်​ ....

သူ့​ကြောင့်​ပဲ ဒဏ်​ရာ ​တွေနဲ့ ကိုယ်​က အခါခါ​သေရတဲ့အခါ....

မတတ်​နိုင်​ဘူး​လေ....

ကိုကိုယ်​တိုင်​က နာကျင်​မှုကို ဆီးလို့ ကြို မိသူပဲမလား..

* ရူး​လောက်​ ​အောင်​ ချစ်​မိလို့ ...

သေ​လောက်​​အောင်​ နာကျင်​ခံစား​နေရတာ... *

ငေးစိုက်​ကြည့်​​နေတဲ့ သူ့မျက်​၀န်း​တွေဆီက အပြစ်​လွတ်​​အောင်​ ​ခေါင်းငုံ့လိုက်​​တော့....

ပေါက်​ခနဲ ကျသွားတဲ့ မျက်​ရည်​တစ်​စက်​က ..

ချစ်​ရသူ သိပ်​ကြိုက်​တဲ့ Americano ​coffee ခွက်​ထဲ စိမ့်​ဝင်​သွား​လေရဲ့....

"Baby , Don't cry " [ Completed ]Unde poveștirile trăiesc. Descoperă acum