ဥပြသနာနှင့် ဧည့်သည်တစ်ယောက်ရောက်ရှိလာခြင်း

Start from the beginning
                                    

ကျည်မထွက်တဲ့သေနတ်ကြီးကိုထမ်းလို့နေကပူတော့ရှုံ့မဲ့ပြီးလိုက်လာတာ

သူ့မြင်ပြီးဘာသွားသတိရလည်းဆိုတော့ကျုပ်တို့ငယ်ငယ်က ဦးစိတ်တိုမျောက်ညိုကာတွန်းထဲကမျောက်ညိုကဦးစိတ်တိုနောက်သေနတ်ထမ်းလိုက်နေသလိုပဲ

ဒါတောင်သူဒီမနက်မှထိပ်တုံးကလွတ်လာတာရယ်

ဟိုနေ့ကပေါ့ သူကြီးကရွာထဲကလူတွေကိုမိန့်ခွန်းပြောမယ်ဆိုပြီး အဲ မိန့်ခွန်းဆိုလို့ကျုပ်တို့သူကြီးကရွာကလူတွေကိုတစ်ပါတ်တစ်ခါ မိန့်ခွန်းပြောသဗျ

သူမောင်းထုခေါ်ပြီဆို တစ်ရွာလုံးဘာလုပ်နေနေထလာရတာ ကုန်ကုန်ပြောမယ်ဗျာ

သမီးရည်းစားကောက်ရိုးပုံမှာအဆင်ပြေနေတုန်းလည်းမရဘူး အိမ်သာတက်နေရင်းတန်းလန်းလဲမရဘူး

ဟက်ဖ်ဖီးလ်ကြီးနဲ့ထသွားရတာပဲ

အေး မသွားပဲနေချင်လား ရတယ်လေ ရွာပြင်က ရှင်းစရာရှိတဲ့ခြုံပုတ်တွေခုတ်စမ်းပဲ အေးမခုတ်ချင်းဘူးလား ရွာဦးကျောင်းမှာအိမ်သာဆေးရသဗျ

သူပြောတော့သာအရည်မရအဖတ်မရ

အိပ်မငိုက်နဲ့ မောင်းထုတဲ့တုတ်နဲ့နဖူးဒေါင်ကနဲ့kissingပေးသွားမယ်

အဲ့လိုသူကြီးကမိန့်ခွန်းပြောဖို့မောင်းထုခိုင်းတာ ဇာတ်ရူးChenက မောင်းကိုထုထုပြီးကတာဗျ

ရွာကလူတွေလည်းမီးလောင်ပြီးဆိုပြီးပြေးကြတာ သူကြီးလည်းမိန့်ခွန်းပြောဖို့အိမ်အောက်ဆင်းရော လားလားးခွေးတစ်ကောင်ကြောင်တမြှီးတောင်မရှိ

အဲ့ဒီမယ် ပေါက်ကွဲပြီးအော်တာ ရွာနောက်ဖက်တောတန်းထဲပုန်းနေတဲ့ရွာသားတွေတောင်ကြားရသဗျ

ကျုပ်တို့သူကြီးကအဲ့လိုအတွင်းအားကောင်းတာ

စိတ်တွေတိုပြီး Chenကိုထိပ်တုံးခတ်ထားတာတစ်ပါတ်ကြာတယ်

သူကတော့ အအော်လွန်လို့မြို့တက်လိပ်ခေါင်းအထူးကုနဲ့ပြနေရတယ်ပြောတာပဲ

Chenကတော့ ၂ရက်လောက်ဘာမှမကြားဘူး နားအူသွားတာလေ

ကဲခုနကကိစ္စဆက်ကြအုန်းစို့ဗျာ

ဥအရှုပ်တော်ပုံWhere stories live. Discover now