လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့ Phone လည်း ပူကျစ်နေပြီ...
ဆေးရုံ အနှံ့လိုက်ရှာနေတာလည်း မတွေ့ဘူး..
တစ်နေရာမှာ တစ်ခုခုများဖြစ်နေသလား ..
အဲ့လို မဟုတ်ဘဲ ..
သူ ကျွန်တော့်ကို မတွေ့ချင်လို့ ပြန်မလာတာ ဆိုရင်ရော...
အတွေးနဲ့ တင် .. ကျွန်တော် ပျော့ခွေ မတတ်ဖြစ်လာသလိုပဲ..
ဟင့်အင်း .....
ကျွန်တော့်  သွားစွယ်လေးနဲ့ နှုတ်ခမ်းကို ရုတ်တရက်ဖိကိုက်ပစ်လိုက်တယ်...
နင့်ခနဲ ထွက်လာတဲ့ သွေးစ အချို့ ..
ကျွန်တော် က သူ့အတွက်ပဲဖြစ်နေရမှာ ...
ကျွန်တော်က သူအတွက် အကောင်းဆုံးအပျင်းပြေ ကစားစရာပဲ မလား..
ကြောက်ကြောက်လန့်လန့် စုံမှိတ်ပစ်လိုက်တဲ့ မျက်လုံးတွေနောက်....
"ငါ မင်းကို မုန်းတယ် Oh se !"
အားးးးး!!!!!!!!!
တော်ပါတော့ ...
အခန်းထောင့်လေးမှာ ထိုင်ချလိုက်ရင်း .. တစ်ဆတ်ဆတ်တုန်နေတဲ့ ဒူးနှစ်ဖက်ကို ဖိကိုင်လိုက်တယ်...
သူ မထားသွားပါဘူး ..နော်..
"စိတ် ကို လျှော့ထားလိုက် ..သူ ပြန်လာမှာပါ "
ဟုတ်တယ် ...
သူ ပြန်လာမှာ ..
ဒါပေမဲ့
ဆေးနံ့တွေ လှိုင်နေတဲ့ တိတ်တဆိတ်အခန်းကျဉ်းလေးက ကျွန်တော့် ခံနိုင်ရည် စွမ်းတွေကို တတိတိ ရိုက်ချိုးပစ်သလိုပဲ..
Ph က ထပ်ဖွင့်မလို့ လုပ်လိုက်တော့ ..
Ph က Oh sehun ရဲ့ ဆန္ဒကို ငြင်းဆန်စွာပဲ Battery down သွားလေရဲ့ ..
"Shiii.... ဘာလို့ မင်းကပါ ငါ့စကား နားမထောင်ရတာလဲ .. ဟမ် .."
မဆိုင်လွန်းစွာ ph ကို တစ်ယောက်တည်း မာန်မဲလိုက်တော့..
မျက်ရည်တွေက သူ့အလိုလို ကြွေဆင်းသွားလေရဲ့..
ဟက်... Oh se ..ရာ .. ဈေးပေါလှချည်လား မင်းမျက်ရည်တွေက..
"Last step ! "
Start from the beginning