ကလေးပျောက်ရှာဖွေခြင်းနှင့်ရွာကဇာတ်ဆောင်များ

8.7K 720 19
                                    

" သမီးရေ သမီး ဖေ့သမီးလေးရေ သမီးရေ ဘယ်ရောက်နေလဲဟ"

ဤကဲ့သို့ချိုသာစွာသမီးရှာနေသူမှာ ကျုပ်တို့ရွာရဲ့ကာလသားခေါင်းWuYifanမှလွဲဘယ်သူရှိချေမည်နည်း

တကယ်ပြောတာရွာကကလေးအဖေတွေသူတို့သမီးကို WuYifanခေါ်သလိုဘယ်သူမှမခေါ်ဘူး

ရွာဓလေ့အတိုင်း " ဟဲ့ မိဝိုင်း အေးစိန်မရေ ဘယ်နားရောက်နေတုန်းဟဲ့ အပျင်းကြီးမ အရိုက်ခံချင်လို့အသံမကြားရတာလား"ဆိုပြီး အော်ဟစ်နေကြတာလေ

ဒါပေမယ့် သိတယ်မလား မတူဘူး WuYifanလေ ကျုပ်တို့ရွာရဲ့တစ်ဦးတည်းသော ကာလသားခေါင်းကြီးလေ

ခေါင်းပါကြီးနေလို့သူမသိအောင် ကာလသားခေါင်းကြီးလို့ခေါ်တာ ဒါကိုပဲသူ့မြှောက်နေတယ်ထင်ပြီးသွားကြီးဖြီးဖြီး ဖြီးဖြီးနဲ့ မြို့ကသွားတိုက်ဆေးကြော်ငြာတွေကသူ့ငှားရမှာ သွားတွေကညီလို့ဖွေးလို့ရယ်

သူငယ်ငယ်ကသူ့အဘိုးကတံစဉ်းတိုက်ပေးတယ်ဆိုလားဘာဆိုလားပဲ

အာ့တံစဉ်းတိုက်တဲ့နည်းကလည်း နှယ်နှယ်ရရတော့မဟုတ်ဘူးနော်

အင်းဂလိပ်ခေတ်တုန်းကရွာကိုရောက်တဲ့တော်လှန်ရေးတပ်မှာ ပါလာတဲ့ဟာဝိုင်အီဆိုလားဘာဆိုလား အာ့ကျွန်းကလူကပေးသွားဆိုပဲ

ဟုတ်မဟုတ်တော့မသိဘူး သူတို့အမျိုးကလူတွေသွားညီတာတော့အမှန်ပဲ

ဒါကထား ခုနကသမီးရှာတဲ့ကိစ္စဆက်ကြအုန်းစို့ရယ်

သမီးရှာကရှာမတွေ့တော့ထပ်ရှာတာက သူ့ညီ Yixingကို

"Yixingရေ ဟေ့ကောင် Yixinggggg!!!!! ဘယ်နေရာအလေလိုက်နေလို့ငါခေါ်တာမကြားရတာလားကွဟေ"

အဲ့ဒီလိုပဲ သမီးနဲ့ညီအသုံးအနှုန်းကအာ့လိုကွာတယ်

ဒါကတော့ရွာဟိုဘက်ခြမ်းက DoKyungsooလဲအတူတူပါပဲ သူ့ကိစ္စကနောက်မှဆက်ပြောပြမယ်

အဲ့ဒီလိုသူ့ညီကိုရှာရာကမတွေ့တော့ အိမ်နောက်ဘက်ကောက်ရိုးပုံဆီရောက်ပါလေရောလား

ကောက်ရိုးပုံပေါ်ကနေ ပိတ်စအနီလေးကလွင့်လွင့် လွင့်လွင့်နဲ့ကျလို့

ဥအရှုပ်တော်ပုံWhere stories live. Discover now