Far.....

1.8K 260 34
                                    

(I put a song,pls play it while reading
if you don't mind.Gamsamida)

"Tsk.."

ကျွန်​​တော်​လက်​ထဲက rubix cubeကို
အလိုမကျစွာမြန်​မြန်​လှည့်​​နေမိတယ်​..
အရင်​က တစ်​မိနစ်​မပြည့်​ခင်​အ​ရောင်​​တွေတူ​အောင်
လုပ်​နိုင်​တဲ့ ကျွန်​​တော်​ဟာ..အခု
နာရီဝက်​နီးပါးကြာတဲ့အထိ သုံးဖက်​​တောင်​တူ​အောင်
မလုပ်​နိုင်​​သေး...

အနီ..အဝါ..အဖြူ..
ပိုပြီးရှုပ်​ရှပ်​ခက်​လာတယ်​..
ခြောက်​ဖက်​ပဲပါတဲ့အတုံး​သေး​သေး​လေး​တောင်​မှ
အနီ...ပြီး​တော့..အဖြူ..ပြီး​တော့ Uni..

Uni..
ဘယ်​ဘက်​ရင်​အုံမှာတစ်​ချက်​​အောင့်​သွားတယ်​..

သွားစမ်းပါ..
အဖြူ​ရောင်​ သုံးတန်းပြည့်​ပြီ
အနီ​ရောင်​..

Concertညမှာ​​နောက်​ထပ်​​တွေ့လိုက်​ရတဲ့သူမ..
ကျွန်​​တော့ကို​ငေးကြည့်​​နေတဲ
သူမရဲ့မျက်​လုံးဝိုင်းဝိုင်း​လေး​တွေ..

အနီ​ရောင်​..
ပြီး​တော့အဝါ​ရောင်​..
Tskk
ပျက်​သွားပြန်​ပြီအဝါ​ရောင်​မျက်​နှာပြင်​..

ကိုယ်​တို့လက်​ထပ်​ရ​အောင်​​နော်​ yang hua

လှည့်​ထွက်​သွားတဲ့ သူမရဲ့​ကျောပြင်
အညို​ရောင်​ဆံနွယ်​ရှည်​ရှည်​​လေး​တွေဝဲကနဲ..

အနီသုံးတန်းပြည့်​ပြီ..
အဖြူ..
ဘာလို့အဖြူဘက်​ကပြန်​ပျက်​သွားတာလဲ..
ကျွန်​​တော့်​စိတ်​​တွေပိုပြီးရှုပ်​လာတယ်​..
တစ်​ခါမှဒီ​လောက်​မကြာဖူးဘူး.
ဒီအတုံးကို
အဖြူ​ရောင်​မျက်​နှာပြင်

အဲ့ဒီညက ကိုယ့်​ကိုယ်​ကို ရူးမတတ်​ထိန်းချုပ်​ထားရတဲ့
သူမကို ​ပြေးဖက်​မိ​တော့မယ့်​ ​ခြေလှမ်း​တွေ..

"ဒီကိုဘာလုပ်​ဖို့လာတာလဲ.."

မာ​ကျောစွာထွက်​သွားတဲ့ကျွန်​​တော့်​အသံ..

ရှေ့တိုးရမလို​နောက်​ဆုတ်​ရမလို..
ဝေခွဲမရဖြစ်​​နေတဲ့သူမ..
မျက်​လုံးထဲမှာလည်းမျက်​ရည်​​တွေပြည့်​​နေတယ်​.

လက်​ထဲက rubix cubeကိုဆက်​မလှည့်​ပဲ
ဒီတိုင်း​ငေး​နေမိတယ်​..
ရှုပ်​​ထွေး​နေတဲ့အ​ရောင်​​တွေလည်း
မ​သေသပ်​စွာဟိုတစ်​ကွက်​ဒီတစ်​ကွက်​နဲ့..
မျက်​လုံးထဲမှာမြင်​​နေရတာက..
အဲ့ဒီညကသူမရဲ့မျက်​လုံး​လေး​တွေ..

Far Far AwayWhere stories live. Discover now