Hurt

2K 271 3
                                    

လူတစ်​ရာမှာ ကိုးဆယ့်​ကိုး​ယောက်​နီးပါးဟာ..
ကိုယ်​ဘာလိုချင်​တယ်​ဆိုတာ​သေချာမသိကြဘူး..

ချင့်​ချိန်​မှု..​ရောင့်​ရဲမှု..နှစ်​သက်​သ​ဘောကျမှု​တွေနဲ့..
လိုက်​​လျောညီ​ထွေမှု​တွေကို..
အချစ်​လို့မှားယွင်းစွာ​ခေါင်းစဉ်​တပ်​​လေ့ရှိကြတယ်​..

Yang huaဟာတကယ်​ပဲ
ကျွန်​​တော်​နှစ်​သက်​သ​​ဘောကျခဲ့တဲ့မိန်းက​လေးပုံစံပါ..
နူးညံ့ သိမ်​​မွေ့တယ်​..
တည်​ငြိမ်​​အေး​ဆေးပြီးတစ်​ဖက်​သားကိုနှစ်​သိမ့်​မှုရ​စေတဲ့
အေးချမ်းတဲ့အပြုံး​လေးတစ်​ခုနဲ့..
နှုတ်​ခမ်း​သေး​သေး​လေးနဲ့.ဆံပင်​ရှည်​ရှည်​​လေး​တွေ
မိန်းက​လေးပီသပြီး..လူတိုင်းကိုကြင်​နာစွာ
ဆက်​ဆံတတ်​တဲ့သူမဟာ..
တကယ်​ပဲ ကျွန်​​တော့်​ရဲ့ ideal type..

သူမက ကျွန်​​တော့်​လိုပဲ Americanoကြိုက်​တယ်​..
ကျွန်​​တော်​နဲ့တူတဲ့ personality ရှိတယ်​..
တစ်​ခါတစ်​ရံ ပန်းပွင့်​​လေးလိုနူးညံ့စွာပြုမူတတ်​ပြီး
တစ်​ခါတစ်​ရံ အ​မေတ​ယောက်​လိုဂရုစိုက်​တတ်​တယ်​.

ကျွန်​​တော်​ပြီးပြည့်​စုံတဲ့သူမကိုချစ်​တယ်​..လို့ထင်​ခဲ့တယ်​..
ဒါ​ပေမယ့်
..............

အချစ်​ဆိုတာပြီးပြည့်​စုံမှုမှမဟုတ်​တာ..

အဲ့ဒီက​လေးဆန်​စွာပြုမူတတ်​တဲ့..
လွတ်​လပ်​စွာ​အော်​ရယ်​တတ်​တဲ့..
မ​ကျေနပ်​တဲ့အခါပွစိပွစိလုပ်​တတ်​တဲ့
Cream​တွေလက်​သုံးသစ်​​လောက်​ထည့်​ထားတဲ့
coffee အ​ရောင်​​ဖျော့​ဖျော့ကိုတစ်​ခါတစ်​ရံ
သောက်​တတ်​တဲ့..
ခံစားချက်​​တွေကိုမျိုသိပ်​ဟန်​​ဆောင်​နိုင်​စွမ်းမရှိ
ငိုလွယ်​ရယ်​လွယ်​တဲ့..
ဘေးကလူ​တွေကိုဂရုမစိုက်​ပဲ
ကိုယ့်​ကိုယ်​ကိုသာအာရုံစိုက်​တတ်​တဲ့
မျက်​လုံးဝိုင်းဝိုင်း နှုတ်​ခမ်း​ထော်​​ထော်​​​လေးနဲ့
မိန်းက​လေးမဆန်​တဲ့​ကောင်​မ​လေးဟာ
ကျွန်​​တော့်​ရင်​ထဲကိုထူးဆန်းစွာပဲဝင်​​ရောက်​လာခဲ့တယ်​..

"Luhan ge,ဒီမှာ"
သူမဟာတစ်​ခါတစ်​​လေ break​ပေးထားတဲ့
ရိုက်​ကူး​ရေး​တွေမှာအမျိုးမျိုးမျက်​နှာ​ပြောင်​ပြတတ်​ပြီး
တစ်​ခါတစ်​​လေမှာလူ​ရှေ့သူ​ရှေ့မ​ရှောင်​ငိုက်​မြည်း​နေတတ်
တယ်​..
တစ်​ခုခုကိုစိတ်​ဝင်​စားတဲ့အခါအဝိုင်းသားနဲ့​စိုက်​ကြည့်​တတ်
တဲ့သူမမျက်​လုံး​လေး​တွေ..

Far Far AwayWhere stories live. Discover now