ရှက်ရွံ့ ခြင်း သိမ်ငယ်ခြင်း အစွန့်ပစ်ခံရခြင်း
ခြောက်ခြားမှု အထီးကျန်မှု မျက်ရည်တွေ နဲ့
ဖြတ်သန်းပြီး ခန့်မှန်းခြေ သူထွက်သွားပြီး
သုံးနာရီနီးပါးအကြာ..Christmas ရဲ့ 
midnightမှာ ဖြေးညင်းစွာတွန်းဖွင့်လာတဲ့
တံခါးကနေluhan geဝင်လာတယ်..ညအိပ်မီးပဲဖွင့်ထားလို့ခပ်မှိန်မှိန်အလင်းရောင်
သာရှိတဲ့ဆေးရုံခန်းလေးကလေသန့်စက်ရဲ့
တဝူးဝူးအသံကလွဲပြီးတိတ်ဆိတ်နေပါတယ်..Luhan geကသူ့အကျီပေါ်ကနှင်းပွင့်တစ်ချို့ကိုခါချ
ရင်းခြေသံဖွဖွလေးနင်းပြီးလျှောက်လာတယ်..
အပြင်မှာအရမ်းအေးနေမှာပဲ..
သူ့ဆီကတောင်အအေးငွေ့တချို့လွင့်လာလို့..
မျက်စိမှိတ်ထားရင်းနဲ့ကျမတွေးမိတယ်..သူဘာလို့ပြန်လာတာလဲ...
အနည်းဆုံးတော့အခု ကျမသူ့ကိုဘယ်လိုရင်ဆိုင်ရမှာလဲ
ရှက်စရာကောင်းလိုက်တာ..
ခုနကမျက်နှာပူစရာကိစ္စကိုပြန်တွေးမိတယ်.."Uni..အိပ်နေပြီလား"
သူကျမကိုငုံ့ ကြည့်ရင်းမေးတယ်ထင်ရဲ
ခပ်သင်းသင်းရှန်ပိန်နံ့ကနှာခေါင်းထဲဝင်လာတယ်..Luhan ge ပျော်ခဲ့လား...
ပိတ်ထားတဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာတယ်..
ကိစ္စမရှိဘူး ကျမငိုလို့ရတယ်..သူမမြင်နိုင်ဘူး..သူခုတင်ဘေးမှာထိုင်လိုက်တယ်..
"Uni ah...ge တောင်းပန်ပါတယ်နော်"
သူ့အသံကအနည်းငယ်ရီဝေနေတယ်..
သောက်တာများခဲ့လို့လား.."Ge ကိုUniတစ်ခါပြောဖူးတာကိုမေ့နေတာ
နေမကောင်းရင်တစ်ယောက်ထဲနေဖို့အရမ်းကြောက်တာဆို
အခု Uniဘေးမှာဘယ်သူမှလည်းမရှိဘူး
ကြောက်နေမှာပဲနော်"သူကပြောရင်းနဲ့သက်ပြင်းချလိုက်တယ်..
"တကယ်ဆို..တကယ်ဆို..ယွဲမ်ယွဲမ်လို့အမြဲခေါ်ချင်ခဲ့တာ
ဇာတ်လမ်းထဲက luhan လိုရိုးရှင်းစွာပဲအချစ်အတွက်
ပြတ်သားချင်ခဲ့တာ"