Talk show

1.6K 246 1
                                    

"Ge.."

"အိပ်​မ​ပျော်​လို့လား...Uni?"

Ge ကကျမကိုကြင်​နာစွာ​မေးတယ်​..
ဖုန်း​ထဲကတစ်​ဆင့်​ကြား​နေရတဲ့ geအသံ​လေးဟာ
ကျမကိုမျက်​ရည်​ဝိုင်း​လောက်​​စေတဲ့အထိပဲ..
ဘာလို့လဲ Geရယ်
Uni ကတကယ်​ပဲ ဒီ​လောက်​ထိုက်​တန်​လို့လား..

"မနက်​ဖြန်​ talk show ကိုလိုက်​ခဲ့ချင်​လို့.."

"ဘာလို့လဲ Uni?"
သူကစိတ်​ပူစွာ​မေးပြန်​တယ်

"Geတ​ယောက်​ထဲလုပ်​နိုင်​ပါတယ်​."

ကျခါနီးမျက်​ရည်​​တွေကိုထိန်းပြီးကျမနှုတ်​ခမ်းကိုက်​လိုက်​မိ
တယ်​..

"Imm..ဒီအတိုင်းပဲ
Uni လည်းပါသင့်​တယ်​ထင်​လို့..
ပိုပြီးအဆင်​​ပြေသွားတာ​ပေါ့"

"ဒါ​ပေမယ့်​.."

"ရပါတယ်​..ge နဲ့အတူတူရှိ​နေမှာပဲ"

"အင်း..ဘာမှ​လျှောက်​မလုပ်​ရဘူး​နော်
Ge ကိုကတိ​ပေးမလား"

"Imm.."

Ge ရယ်​..
ကတိဆိုတာဘာမို့လို့လဲ
ဒီတိုင်း "ကတိ"လို့​ပြောလိုက်​တဲ့အရာမျိုးပဲ
ဘယ်​​လောက်​များ​သေချာနိုင်​မှာမို့လဲ..
ဘာလို့ကတိ​တွေကိုယုံချင်​​နေ​သေးတာလဲဟင်
~~~~~~~~~~~~
အဲ့ဒီတစ်​ညလုံးကျမအ​တွေး​တွေထဲမှာ..

ပေစွန်းသွားတဲ့ge အကျီအဖြူ​ရောင်​​လေးရယ်​..
ကျမကိုအား​ပေးသလိုပြုံးပြတဲ့
geရဲ့​ဖျော့​တော့တဲ့အပြုံး​လေးရယ်​..
Ge ရဲ့ album နဲ့ concert..
Yang hua jie jie​ပြောတဲ့
Ge ရဲ့အိပ်​မက်​​တွေ..

ကျမမျက်​ရည်​​တွေကျလာတယ်​..
Ge အတွက်​လုပ်​​ပေးနိုင်​တာတစ်​ခုထဲရှိပါတယ်
တကယ်​တစ်​ခုထဲရှိပါတယ်​ geရယ်​..

အပြင်​မှာလည်းမိုး​တွေသည်းကြီးမည်းကြီးရွာလို့..
Ge ​ရော..အိပ်​မက်​လှလှ​လေး​တွေမက်​​နေရဲ့လား..
~~~~~~~~~~~~~~~~~
Live လွင့်​မယ့်​ Talk show တစ်​ခုဖြစ်​လို့
အတတ်​နိုင်​ဆုံးဘာမှမ​ပြောဖို့ geက​ပြောတယ်
သူ့ကိုကြည့်​ရတာ အရမ်းတက်​ကြွ​နေတယ်
မျက်​နှာမှာလည်းပြတ်​သားတဲ့ဆုံးဖြတ်​ချက်​​တွေ
ပေါ်လွင်​လို့..
~~~~~~~~~~
"မင်္ဂလာပါ အခုဆိုရင်​ လတ်​တ​လော hotဖြစ်​​နေတဲ့
ကိစ္စနဲ့ပါတ်​သတ်​ပြီး​အားလုံး​မျှော်​လင့်​ထားတဲ့အတိုင်း
ကာယကံရှင်​​တွေကိုယ်​တိုင်​က ​ရှင်းလင်း​ပေးသွားမှာပါ"

Far Far AwayWhere stories live. Discover now