1st ( Extra)

5.4K 326 32
                                        

မျက်စိရှေ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြလေသည့် အိစက်ပြည့်ဖောင်းနေသော ချစ်စဖွယ်မျက်နှာလေးတွေဟာ အခုဆိုလျှင် ကိန်းဂဏန်းတစ်ခုထဲသို့ စတင်ချင်းနင်းဝင်ရောက်တော့မည်မို့ ရုပ်ထွက်လေးတွေက အတော်ပင်ပီပြင်နေလေပြီ။

ဟုတ်သည်။
ရင်နှင့်အမျှချစ်ရပါသော သူ့ရဲ့သားသမီးနှစ်ယောက်ဟာ မနက်ဖြန်ဆိုလျှင် တစ်နှစ်ဆိုသည့်အသက်အရွယ်၏ အချိန်ကာလသတ်မှတ်ချက်တစ်ခုအတွင်းသို့ အတိအလင်းရောက်ရှိသွားပြီဖြစ်သည်။

အံ့ဩဖွယ်ရာ မကောင်းပေဘူးလား...။

အရင်နှစ်က ဒီလိုအချိန်မှာ သူဟာ ဖခင်တစ်ယောက်ဖြစ်လာဖို့ဆိုသည်ကို အမျှော်လင့်ကြီးမျှော်လင့်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် ဒီမျက်နှာလေးတွေအား မြင်ချင်စိတ်အပြည့်ဖြင့် ရူးသွပ်နေရချိန်။ အခုချိန်မှာတော့ သူ့မျက်စိရှေ့မှောက်၊ သူ့ဘဝထဲသို့ ကလေးတွေဝင်ရောက်လာသည်မှာ အချိန်ကာလအားဖြင့် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့လေပြီ။

သူက နိုရာ့လက်ဖောင်းဖောင်းလေးကို နှုတ်ခမ်းနှင့်ဖိကပ်၍ အသာအယာနမ်းရှိုက်ပြီးလျှင် လက်ချောင်းလေးတွေကို အသာလေးဆွဲဖြန့်ကာ သေချာကြည့်လိုက်မိတော့ သဘောကျချစ်မြတ်နိုးစွာနှင့် ပြုံးမိရပြန်သည်။

ကလေးလက်လေးမို့ အရင်းလေးတွေဟာ တစ်တုတ်နေသော်ငြား လက်ချောင်းလေးတွေတစ်ချောင်းချင်းစီက အမေဖြစ်သူကဲ့သို့ လက်သည်းအဖျားလေးတွေအထိချွန်နေအောင် သွယ်လျလှသည့်လက်လေးတွေ။ မြတ်နိုးရသည့်ဖြစ်တည်မှုလေးတွေဟာ တစ်ပုံစံတည်းတူလှပါသည်။

ထိုသို့ဖြင့် ချစ်ရလွန်းစွာ လက်လေးကိုနမ်းရှိုက်လိုက်ပြီးသည့်နောက်မှာတော့ သားဘက်ကို အလှည့်ရောက်သွားရသည်။

သူနှင့်တထေရာတည်းတူ၍ သိပ်ကိုကျေနပ်ရပါသည်ဟု ရွှေခေတ်က မကြာခဏဆိုသလို ပျော်ရွှင်အားရစွာပြောတတ်လေသော သူ့သား...။

" နဖူးတွေ မျက်လုံးမျက်ခုံးတွေ နှုတ်ခမ်းတွေ မျက်နှာကျတွေ အိုး.....အကုန်ကိုတူနေတော့တာပဲ...။ အကျင့်လေးပဲ မတူဖို့လိုတော့တာ ဟင်းဟင်း... "

You are the only Exception!Where stories live. Discover now