ညနေရုံးဆင်း၍ အိမ်ပြန်ရောက်လျှင် ရေချိုးခန်းထဲကနေ ထွက်လာသောသူမအား သူက ဆီးကြိုကာထွေးပွေ့၍
"အဲ့ဝန်ထမ်းရဲ့လိပ်စာကို ကိုယ် သဲဆီပို့ပေးထားတယ်နော်...၊ကြည့်လိုက်ဦး..."
ထိုအခါ သူမက သူ့ခါးကိုတင်းနေအောင်သိုင်းဖက်ပြီး ခေါင်းလေးကို သူ့ရင်ဘတ်မှာဖိကပ်ထားကာ ကျေနပ်စွာပြုံးရင်း ပြန်ပြောမိသည်။
"ကျေးဇူးပါနော် ကို..."
သူက နဖူးလေးကိုခပ်ဖွဖွငုံ့နမ်း၍
"ယောက်ျားကိုကျေးဇူးတင်ရင် မိန်းမက ဘယ်လိုကျေးဇူးပြန်ဆပ်ရလဲ သိတယ်မို့လား..."
သို့နှင့်ပင် သူမက သူ့ရင်ခွင်ထဲကနေ ညစ်ကျယ်ကျယ်ဖြင့်ပြုံးလိုက္မိရင်း
"မသိပါဘူး...။လောလောဆယ်မသိချင်သေးဘူး အလုပ်ရှုပ်နေသေးတယ်..."
"အဟွန်း ကိုယ်က စတာပါ...။ကျန်တာတွေမတွေးေသးဘဲနဲ့ ကိုယ့်အလုပ်ကိုယ်ပဲ စိတ်လွတ်ကိုယ်လွတ် အာရုံစိုက်ပြီးတော့လုပ်...။ဒီရက်ပိုင်း ကိုယ်က လွှတ်ပေးထားဦးမှာ..."
"အွန်း အဲ့အတွက်ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော်..."
"အဲ့ကျေးဇူးတွေကိုပြန်ဆပ်ဖို့ သေချာစာရင်းနဲ့မှတ်ထား..."
ထို့နောက် သူ ရေချိုးခန်းထဲဝင်သွားသည်နှင့် သူမကလည်း စာကြည့်ခန်းထဲဝင်ခဲ့လိုက်ကာ ပို့ပေးထားသည့်အကြောင်းအရာေတွကို သေချာကြည့်နေမိသည်။ထိုကောင်လေး၏လိပ်စာနှင့် မိသားစုအကြောင်းတွေကိုပါ စုံစုံလင်လင်ပို့ပေးထားသည်မို့ သူမက အကုန်လုံးကိုသေချာဖတ်ကြည့်နေရင်းမှ ဖြေရှင်းရမည့်နည်းလမ်းအား တစ်ခါတည်းစဉ်းစားရလေသည်။
နံနက်ရောက်လျှင် ရုံးတက်ချိန်မှာ သူမက ဟိုတယ်ဘက်ကိုခဏသွား၍ မနန်းမိုကို မှာစရာရှိသည်များအား မှာထားခဲ့ပြီးလျှင် အပြင်သို့ထွက်ခဲ့လိုက်တော့သည်။ထိုကောင်လေးနေသော ညောင်ရွှေအနီးနားကရွာလေးဆီသို့ ကိုယ်တိုင်လိုက်သွားကြည့်ပြီး လိပ်စာအတိုင်းမေးမြန်းကာသွားလိုက်လျှင် ထိုအိမ်ရှိရာသို့ တန်းတန်းမတ်မတ်ပင် ရောက်သွားလေသည်။သူမက အိမ်ရှေ့မှာခဏရပ်ကာ တစ်ချက်အကဲခတ်ကြည့်လိုက်လျှင် အတော်အတန်ကျယ်ဝန်းသောခြံဝင်းထဲ၌ ရာသီပေါ်သီးနှံတို့စိုက်ပျိုးထားပုံရသည့် စိုက်ခင်းအသေးလေးနှင့် မြင်နေရသည့် တစ်ထပ်ထရံကာအိမ်လေးသည် မသားနားသော်လည်း သန့်ရှင်းသပ်ရပ်ပါသည်။သို့နှင့် အတန်ငယ်ကြာသည့်တိုင် လူရိပ်လူယောင်မတွေ့ရသေးသည်ကြောင့် ခြံထဲသို့ဝင်သွားလိုက်သောအခါတွင် အိမ်ထဲကနေ ကျောင်းသူအရွယ် ကောင်မလေးတစ်ယောက်ထွက်လာကာ သူမကို အံ့ဩစူးစမ်းသည့်ပုံစံနှင့်ကြည့်၍ ဘာမှမပြောသေးဘဲ အိမ်ထဲသို့ပြန်ဝင်သွားသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
