နောက်တစ်နေ့နံနက်တွင် ရုံးသွားရမည်ဖြစ်၍ စောစောနိုးနေသောသူက သူမလေးမနိုးအောင် အသာထလိုက်ကာ ကိုယ်လက်သန့်စင်ပြီးသွားသည်နှင့် မီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။မနေ့က Food Court မှာစားခဲ့သော စင်ကာပူကြက်ဆီထမင်းကို သူ့လက်ရာအားစားချင်သည်ဟု တောင်းဆိုထားသောကြောင့် ဒီနေ့နံနက္မှာ ချက်ချင်းလုပ်ပေးရန်အတွက်ကို မနေ့ကတည်းကပင် စိတ်ကူးထားပြီးသားဖြစ်သည်။ Hainanese Chicken Rice မှာ သူကြိုက်နှစ်သက်ရသည့် သူ့အမေ၏အသည်းစွဲလက်ရာများထဲမှတစ်ခုဖြစ်ကာ အမြဲလိုလို အိမ်မှာချက်နေကျဖြစ်၍ ချက်နည်းကို အထူးအထွေရှာနေစရာပင်မလိုချေ။ခက်ခက်ခဲခဲမလုပ်ရဘဲ အလွယ်တကူချက်ပြုတ်၍ရသည့် အစားအစာဖြစ်သောကြောင့် အချိန်ခဏပဲပေးပြီးလျှင် သူက ပြင်ဆင်၍ပြီးသွားလေပြီ။ထို့နောက် အခန်းထဲပြန်ဝင်လာပြီး အချိန်ကိုကြည့်လိုက်လျှင် စောနေသေးသည်မို့ သူမကိုမနှိုးသေးဘဲ ရေချိုးခန်းထဲဝင်ကာ ရေအရင်ချိုးလိုက်တော့သည်။
ထိုသို့ဖြင့် သူပြန်ထွက်လာချိန်တွင် နိုးနေပြီဖြစ်သောသူမက သူ့ကိုမြင်သည်နှင့် ကုတင်ပေါ်ကနေချက်ချင်းဆင်းလာပြီး ရင်ခွင်ထဲသို့တိုးဝင်လာရင်း
"ဘာလို့ အစောကြီးထနေတာလဲ...။ရေတွေတောင်ချိုးပြီးနေပြီလား..."
သူက အိပ်ရာထကာစ ကြည်လင်ဝင်းမွှတ်နေသောမျက်နှာလေးကိုငုံ့ကြည့်ကာ သုတ်လက်စတဘက်ကို ပခုံးပေါ်တင်လိုက်ရင်း ပြန်လည်ထွေးပွေ့ထားလိုက်ပြီးလျှင် နဖူးလေးကိုတစ်ချက်နမ်းရင်းမှ
"ဒီနေ့ ရုံးသွားရမယ်လေ...။လက္မှတ်ထိုးဖို့ကိစ္စရှိတယ် အရေးကြီးတယ်..."
"ဟိုတစ်ခါပြောတဲ့ အမေရိကဘက်နဲ့ ပူးပေါင်းဖို့ဆိုတာလား...။အာ့ဆို တစ်နေကုန်မှာလားဟင်..."
"အွန်း ကုန်မှာ...။မေမေတို့အိမ်ဝင်ပို့ပေးမယ်နော် အတူတူစျေးဝယ်ထွက်ကြ ကိုယ်ပြောထားပြီးသား..."
"ဟုတ် ဒါနဲ့လေ...မေမေက ဘာတွေကြိုက်တတ်တာလဲဟင် ကြိုပြောပြပေးထားဦး...။နေဦး တော်ပြီ...အတူတူစျေးဝယ်ထွက်ရင်းနဲ့မှ ကိုယ့်ဘာသာမေးတာအကောင်းဆုံးပဲ...။ကို့ကိုမေးလဲ ကိုက ဘာသိမှာကျလို့.."
BINABASA MO ANG
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
