💓Heartbeats💓

27.1K 1K 77
                                        

မီးဖိုပေါ်မှ အပူပေးထားသောဒယ်အိုးထဲသို့ နှစ်ယောက်စာချိန်ထည့်ထားသည့် ခွက်ထဲက Oat တွေကိုထည့်ကာ မီးအေးအေးနှင့်လှော်လိုက်သည်။အချိန်အနည်းငယ်ခန့်ကြာသည်အထိ ဆက်တိုက္မွှေပေးနေရင်း ရလောက်ပြီထင်လျှင် မီးဖိုကိုပိတ်လိုက်ပြီးနောက် လှော်ထားသည့် Oat တွေနှင့်အတူ ခပ်ဆိမ့်ဆိမ့်လေးဖြစ်သွားစေရန် Nuts အနည်းငယ်ပါထည့်ကာ Blender ထဲထည့်၍ ညက်နေအောင်ကြိတ်လိုက်သည်။ပြီးလျှင် ပန်းသီးကိုအခွံနွှာပြီး အတုံးလေးတွေစိတ်ထားလိုက်ရင်း ကန်စွန်းဥနှင့်မုန်လာဥနီကို လက်နှင့်ကိုင်စားလို့ရသည့်အနေအထားဖြစ်အောင် အချောင်းလေးတွေလှီးပြီးလျှင် ပေါင်းအိုးအသေးလေးထဲထည့်ကာ ပေါင်းထားလိုက်သည်။ထို့နောက် Blender ထဲမှ အမှုန့်အနေအထားရောက်အောင် ကောင်းကောင်းညက်သွားပြီဖြစ်သော Oat တွေကို ပန်းသီးလေးတွေပါထည့်ကာ စွပ်ပြုတ်ပုံစံဖြစ်လာသည်အထိ စိတ်ရှည်လက်ရှည် ကျိုချက်လိုက်လေသည်။ထိုသို့ဖြင့် ကလေးတွေစား၍အဆင်ပြေမည့် ခပ်ပျစ်ပျစ်အနေအထားသို့ရောက်ချိန်တွင် ကျွေးရမည့်ပန်းကန်ထဲသို့ထည့်ကာ ပေါင်းထားသော ကန်စွန်းဥ၊မုန်လာဥနီအချောင်းလေးတွေနှင့်အတူ အအေးခံထားလိုက်တော့သည်။

သူတို့အမေကဲ့သို့ နံနက်စာကို အများကြီးစားကြသော ကလေးတွေက ဒီလောက်နှင့်မလုံလောက်သောကြောင့် သူတို့အကြိုက် ပြုတ်ပြီးသားကြက်ဥအနှစ်ကို မိခင်နို့နှင့်ရောကာ ခရင်မ်ပုံစံရအောင်မွှေပြီး နှစ်ပန်းကန်ခွဲထည့်ထားလိုက်သည်။အကုန်ပြီးစီး၍ အပေါ်ထပ်သို့သူတက်သွားလိုက်လျှင် ကလေးနှစ်ယောက်လုံးကနိုးနေပြီဖြစ်ကာ စားဖို့သောက်ဖို့အတွက်ကို အသင့်ပြင်နေကြလေပြီ။အိပ်ရာမှ အစောနိုးလေ့ရှိသည့် တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးသွားသော နေသန်က ကွင်းထဲမှာအခန့်သားရှိနေကာ နောက်ကျမှနိုးသော နိုရာကိုတော့ သူမက အဝတ်အစားလဲပေးနေသည်ကြောင့် သူက သားဆီကိုအရင်သွားလိုက်သည်။ထို့နောက် ကွင်းထဲကထုတ်ကာပွေ့ချီလိုက်ရင်း သူ့အမေအစွမ်းနှင့် အိစက်နေသောပါးလေးကို တစ်ချက်နမ်းလိုက်ပြီးလျှင်

"စောစောထတဲ့ငှက်ကလေးက အရင်ဆုံး မနက်စာစားရတော့မှာပဲ...။ဒီနေ့ သားကြိုက်တဲ့ ခရမ်းရောင်ကန်စွန်းဥလုပ်ပေးထားတယ်...။စားမှာမို့လား..."

You are the only Exception!Where stories live. Discover now