အိပ်ရာကနေနိုးလာသည်နှင့် အရင်ဆုံးတွေ့လိုက်ရသည်က သူမ၏မျက်နှာကို ငေးကြည့်နေသည့် သူ့ကိုသာပင်ဖြစ်သည်။သို့နှင့် လေးလံနေသောမျက်လုံးတွေကို ဇွတ်အတင်းဖွင့်ကြည့်မိလျှင် သူက ပါးလေးကိုခပ်ဖွဖွပွတ်သပ်လာရင်း
"ခေါင်းကိုက်နေသေးလား..."
အခုမှပင် သေချာနိုးလာရသောသူမက ကိုယ့်ကိုယ်ကိုယ်သတိကပ်ကြည့်လိုက်လျှင် ခေါင်းမကိုက်သော်လည်း ခေါင်းကနေစပြီး ခြေထောက်အထိကို တစ်ကိုယ်လုံးက လေးလံနေသည်။အထူးသဖြင့် အောက်ပိုင်းတစ်ပိုင်းလုံးမှာ မလှုပ်ချင်အောင်ဖြစ်နေသည်မို့ မျက်ခုံးတွေပါတွန့်မိသွားကာ ခြေလက်တွေကိုဆန့်ထုတ်ပစ်ရင်းမှ သူ့ကိုသိုင်းဖက်လိုက်ပြီးလျှင်
"တစ်ကိုယ်လုံး လေးလံနေတာပဲ..."
ထိုအခါ လက္မောင်းပေါ်ကမျက်နှာလေးကို သေချာကြည့်ပြီး သူက နဖူးလေးကိုနမ်းလိုက်ရင်း
"ရေနွေးနွေးနဲ့စိမ်ချိုးပြီးတော့ အစားကောင်းကောင်းစားလိုက်ရင် ပျောက်သွားမှာနော်...။မနက်စာ ဘာစားချင်လဲပြော..၊ကိုယ်လုပ်ပေးမယ်..."
"ဟင့်အင်း မလုပ်နဲ့..၊ဟိုတယ်မှာပဲသွားစားကြမယ်..."
"အွန်း...အဲဒါဆို အခုချက်ချင်းမထသေးနဲ့၊ခဏလေးလှဲနေဦး..."
သူ့စကားကိုခေါင်းညိတ်ပြကာ ရင်ခွင်ထဲတွင် ပြန်လည်မှေးစက်နေသော သူမ၏ခန္ဓာကိုယ်လေးအား သူက ထွေးပွေ့ေပးထားကာ ကျောပြင်လေးကိုပွတ်သပ်ပေးနေမိသည်။ထို့နောက် အတန်ငယ်ကြာမှသာ နှစ်ယောက်သား ထဖြစ်ကြပြီး ပြင်ဆင်နေကြချိန်အတွင်းမှာ အဝတ်အစားလဲပြီးသွားသောသူ့ကို သူမက တစ်ချက်ကြည့်လိုက္မိလျှင် မျက်လုံးတွေပြူးသွားမိရသည်။သို့နှင့် ကပျာကယာပင် သူ့ရှေ့ကိုသွားကာ သေချာကြည့်လိုက်တော့
ဟာ.......စိတ်ညစ်လိုက်တာ...။
ဘယ်လိုလုပ်ရမလဲ...။
မနေ့ညက စိတ်လိုလက်ရတွေဖြစ်သွားခဲ့သော သူမကြောင့် သူ့လည်ပင်းရှိ လည်ေစ့နားမှာ နေရာအတိအကျရှိနေသော နီညိုရောင်မာကင်ရာသည် အခုထက်ထိ ထင်ရှားပြတ်သားစွာပင် ရှိနေလေသည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
