The Beginning of .....

29.9K 928 64
                                        

Your Dream

ရွှေခေတ်သည် ရင်နှင့်ရင်း၍ ကိုယ်တိုင်ရွေးထားလေသည့်နာမည်လေးကိုကြည့်ပြီး စိတ်တွေက တစ်ဖျတ်ဖျတ်ခုန်အောင် လှုပ်ရှားပျော်ရွှင်နေရသည်။

ဒါ သူမရဲ့စိတ်ကူးအိမ်မက္တို့ အကောင်အထည်ဖော်ခွင့်ရပြီဆိုတာကို တရားဝင်အသိအမှတ်ပြုခြင်းခံရသော အမည်နာမလေး...။
သူမရဲ့ ငယ်ဘဝအိမ်မက္တို့မြစ်ဖျားခံရာ...။
သူမရဲ့ ကြိုးစားအားထုတ်ထားရသော အရင်းအနှီးတို့စုစည်းရာ...။

သူမ၏အိမ်မက္တို့ကို လက်တွေ့အကောင်အထည်ဖော် အခြေချတည်ဆောက်ထားသောနေရာလေးမှာ ခဏတာအပန်းဖြေအနားယူရင်း လာရောက်သူမှန်သမျှတို့၏အိမ်မက္များကိုလည်း လက်တွေ့ဖြစ်လာစေရန် အထောက်အကူဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ရွေးချယ်ထားလေသောနာမည်လေး...။

Your Dream မှာရှိနေစဉ်အတွင်း အိမ်မက္ရှိပြီးသားသူများအနေနှင့် ဒီနေရာမှာ တည်းခိုအနားယူရင်းမှ ကိုယ့်အိမ်မက္‌ေတွ၏ အတိမ်အနက်ကို ပေါ့ပါးလွတ်လပ်စွာ တွေးခေါ်သုံးသပ်နိုင်သော အချိန်လေးတစ်ခုအဖြစ် ကုန်ဆုံးစေနိုင်သလို အိမ်မက္မရှိသေးသည့်၊ရှာမတွေ့သေးသည့်သူတို့ကလည်း ကိုယ်ဖြစ်ချင်သောအရာ ကိုယ်လျှောက်ချင်သောလမ်းတို့အား အတွေးသစ်အမြင်သစ်များနှင့်အတူ ဖမ်းဆုပ်ပံု‌ေဖာ်သွားနိုင်သော အချိန်ကာလလေးတစ်ခုအဖြစ် ရှိနေစေချင်ပါသည်။

ခရီးသွားခြင်း၏အနှစ်သာရကိုက ကိုယ့်ကိုယ်ကိုယ်အချိန်ပေးဖို့၊အတွေးသစ်အမြင်သစ်တွေရှာဖွေဖို့၊ကိုယ့်စိတ်ကိုယ်အားအင်ဖြည့်ဖို့၊ကိုယ့်ဦးနှောက်ကိုယ်အနားပေးကာ အသစ်တစ်ဖန်ပြန်လည်လန်းဆန်းတက်ကြွစေဖို့ စသဖြင့် မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေဖြေသိမ့်ပေးလေသော၊ညှိုးနွမ်းညစ်ထေးနေသော စိတ်နှင့်ခန္ဓာကိုယ်အား ပြန်လည်ရေလောင်းပေါင်းသင်ပေးလေသော ကုစားနည်းတစ်မျိုးပင်ဖြစ်ပေရာ Your Dream မှာတော့ စိတ်နှင့်ခန္ဓာကိုယ်သာမက အိမ်မက္‌ေတွကိုပါ ရှင်သန်စိမ်းလန်းစေလိုခြင်းသာ ဖြစ်ပါသည်။

လွတ်လပ်ပေါ့ပါး ကြည်လင်လတ်ဆတ်စွာဖြင့် စိတ်ကူးဉာဏ်တို့ကို ရင့်သန်စေနိုင်သောနေရာလေးအဖြစ်၊လူတိုင်း၏အိမ်မက္‌ေတွကိုလည်း ဒီကနေအပန်းဖြေအနားယူပြီး ကိုယ့်နေရာပြန်ရောက်ချိန်မှာ အားအင်အပြည့်ဖြင့် ရှေ့ဆက်နိုင်အောင် အားဖြည့်ပေးလိုက်နိုင်သောနေရာလေးအဖြစ် စသဖြင့် လာရောက်သူအပေါင်းတို့၏ အိမ်မက္တို့ကို ရှာဖွေတူးဖော် ရေလောင်းပေါင်းသင်နိုင်မည့် အိမ်မက္တို့အစပျိုးရှင်သန်ကြီးထွားရာ Your Dream သာဖြစ်ပေသည်။

You are the only Exception!Where stories live. Discover now