ညာဘက်လက်က ဆော့မင်ရဲ့ ခေါင်းနောက်ကို ဖိကာ နှုတ်ခမ်းချင်း ခပ်ဖွဖွ နမ်းမိလိုက်ခြင်း။
"ဆောတီး ခေါင်းမှာ ဆံပင်မွှေးကြီး မြင်နေရလို့"
လုပ်ပြီးပြီးချင်း ပြောလိုက်တဲ့ စကားက သောက်ကျိုးနည်း တစ်စက်မှ အဓိပ္ပာယ်ရှိမနေတာ
ဆော့မင်က ခပ်ဖွဖွပြုံးနေပေမဲ့ မျက်ခုံးတွေကို ကျုံ့ထားပြီး
"အနာပျောက်မှ လုပ်ချင်တာလုပ်လို့ ပြောတာကို စကားနားမထောင်ပြန်ဘူး ယွန်းဂျောင်ဟန်!"
ဆင်ခြေပေးစရာ စကားရှာနေတုန်း အခိုက်အတန့်မှာ ဆော့မင်ရဲ့ နှုတ်ခမ်းက ဂျောင်ဟန့်ရဲ့ နှုတ်ခမ်းပေါ် ကျူးကျော်လာသည်။ ဒါပေမဲ့ ခပ်ဖွဖွ နမ်းချင်းမျိုးမဟုတ်။ နှုတ်ခမ်း တစ်လွှာစီကို စုပ်ယူနေခြင်း။
ထိုအရာကို ဂျောင်ဟန်က ငြင်းဆန်ခြင်း ပြုရမယ့် အစား
"ဆော့မင် ဖြေးဖြေးလုပ် ကိုယ်နာလို့"
"ဆော့မင် လျှာမသုံးနဲ့လို့ ပါးစပ်က ဟ မရပါဘူးဆို"
"ဆော့မင် ဖြေးဖြေး"
ဆော့မင်ကတော့ ထိုစကားတွေနဲ့ ဆန့်ကျင်စွာ လုပ်ချင်သလိုကို လုပ်နေတော့တာ။
ဆော့မင် လွှတ်ပေးလိုက်တဲ့ အခိုက်အတန့်မှာ ဂျောင်ဟန့်နှုတ်ခမ်းက ရ စရာမရှိတော့။
"ဒီအတိုင်းဆို ဆန်ပြုတ်သောက်ရတော့မယ်နဲ့ တူတယ် ဂျောင်ဟန် ကျွန်တော်ပြောသားပဲ အနာပျောက်မှ လာလုပ်ပါဆို"
"မင်းက ဘာလို့ နှုတ်ခမ်းကို နမ်းလဲ မင်းနမ်းချင်ရင် တစ်ခြားနေရာ နမ်း..အာ့..အခု...မဟုတ်သေးဘူး..လေ ဆော့မင်နား"
ဂျောင်ဟန့်စကား တစ်ဝက်တစ်ပျက်မှာ လည်ပင်းတွေကို နမ်းလာတဲ့ ဆော့မင်ကြောင့် ဂျောင်ဟန်လည်း လက်လျော့လိုက်ရပါသည်။
"ချစ်တယ် ယွန်းဂျောင်ဟန်"
"မင်းကတော့ မသိပေမယ့် မင်း ငယ်ငယ်ကတည်းက ငါချစ်ခဲ့တာ အီဆော့မင်"
"ဘယ်လို"
"ယောင်းအင်းကျူရှင်မှာ တုန်းက အတန်းမတူပေမယ့် စာတော်တဲ့ ကောင်လေးက အရမ်းချစ်စရာကောင်းနေလို့ ခင်ချင်ခဲ့တာကနေ။ အလယ်တန်း တတိယနှစ်ရောက်တော့ ငါ မင်းကို ချစ်မိသွားခဲ့တာ ယုန်လေးလို့ ထင်လို့ ထောင်ဖမ်းမယ်ဆိုပြီး love letter တွေရော မုန့်တွေနဲ့ပါ မင်းကို လိုက်ပိုးခဲ့တာလေ ဒါပေမဲ့ မင်းက ငါ့ကိုတောင် မသိဘူး။ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေခဲ့တာပဲ"
"အာ အဲ့တုန်းက စာတွေက အကိုလား။ကျွန်တော့်ကြောင့် နှစ်နှစ်အောက်တာတော့မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး အထက်တန်းပထမနှစ်မှာ မိဘတွေက LA ကို ပြောင်းမယ်ဆိုလို့ ငါမင်းကိုနောက်ဆုံး နှုတ်ဆက်စာ ပေးခဲ့ပေမယ့် မင်းဆီ မရောက်ခဲ့ဘူး ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါ LA မှာက ငါ ဘွဲ့ တစ်ခု ရပြီးသွားပြီ။ မင်း အကြောင်းကိုလည်း အမေတို့က သိတာမို့လို့ သားလေး စိတ်ချမ်းသာပါစေတော့ဆိုပြီး ဒီတက္ကသိုလ်ကို ပြန်joinခိုင်းတာ ဟိုက ဘွဲ့နဲ့လည်း ဆက်စပ်နေတော့ အစက ပြန်မတက်ရဘဲ နှစ်နှစ်ပဲ အောက်ခိုင်းတာ"
"ဒါပေမဲ့ တော်ပါသေးတယ် ကျွန်တော့်အချစ်ဦးက အကိုမို့"
"အကို့အချစ်ဦးကလည်း ဆော့မင်ပါပဲဗျာ ဒါပေမဲ့ တကယ် ယုန်ဖြစ်လိုက် မြေခွေးဖြစ်လိုက်နဲ့နော် ခုနကကျ သူမဟုတ်တဲ့အတိုင်း"
"အဲ့တော့ ကိုကိုက မချစ်ဘူးလား"
"ကိုကိုလို့ ခေါ်လိုက်တာလား ချစ်တယ် ဆော့မင်လေးကို ချစ်တယ်"
"ချစ်ရင် နမ်း"
"နေအုံး နှုတ်ခမ်းက ပျောက်ရင် နမ်းမယ်"
//
ပြီးပါပြီရှင်🫂 ကျွန်မ plot တစ်ခု ရေးလက်စ ရှိတာ ဘယ် otp ရေးရမှန်းမသိလို့ အကြံပေးကြပါအုံး။
ဖတ်ပေးတဲ့ လူတစ်ယောက်ချင်း ဆီကို ကျေးဇူးတင်ပါတယ်။90° bow🙇🏻♀️
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
^<five>^ final!!
Start from the beginning
