*ခွပ် ခွပ်*
"ပြောစမ်း ကင်မင်ဂယူရဲ့ ပိုက်ဆံ ပြန်ပေးမှာလား။ မပေးဘူးလား"
တစ်ဖက်လူရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်ထားပြီး စကားပြန်မပြောမချင်း ထိုးလိုက်မေးလိုက်လုပ်နေသော အီဆော့မင်က မြင်သူတိုင်း ကြွေစေနိုင်လောက်တဲ့ ရုပ်ရည်ရှိသည်။
ဒီလောက်အထိုးခံနေရတာတောင် တစ်ဖက်လူက လက်မလျှော့သေးဘဲ လဲနေရာကနေ ကုန်းရုန်းထလာသည်။
*ခွပ်*
အီဆော့မင် ဘက်မှ ထိုးလိုက်ချင်းတော့မဟုတ်။ အင်အားကွာနေတာ အသိသာကြီးကို လက်မလျော့နိုင်သေးဘဲ တစ်ဖက်လူက ထိုးလိုက်ခြင်း။
ခုတော့ ဆော့မင်ရဲ့ ရုပ်ချောချောမျက်နှာပေါ်မှာ မလိုက်မဖက် ဒဏ်ရာတစ်ခုဖြင့်။
"ဟက်..သူများဟာလည်း ယူထားသေးတယ် ပြန်ထိုးတယ်ပေါ့ ဟုတ်လား လာလေ ထိုးလေ ထိုးလိုက်စမ်းပါ ငါဘာလုပ်မလဲ ကြည့်မလား"
*ခွပ်..ခွပ်..ခွပ်*
ပြောလိုက်ပြီးနောက် သုံးချက်ဆင့် အထိုးခံလိုက်ရတဲ့ ဆော့မင်က မလဲသွားသည့်အပြင် smirk တစ်ချက် လုပ်လိုက်သည်က တော်ရုံလူဆို ရူးလောက်သည်။
"ဘာရယ်တာလဲ စိတ္တဇကောင် အာ့"
ဆော့မင်က ဆောင့်ကန်လိုက်တာကြောင့် တစ်ဖက်လူမှာ ဖင်ထိုင်ရက်သားလေး။
အိတ်ထဲက ဓားမြှောင်ကို ထုတ်လိုက်ပြီး
"ဘယ်လိုလဲ ထိုးပြီး ယူရမှာလား"
ဓားကို မြင်မှ တစ်ဖက်လူက ကြောက်ကြောက်လန့်လန့်ဖြင့် ထိုင်ကန်တော့ မတတ်ဒူးထောက်ပြီး ပိုက်ဆံကို ပေးလာသည်။
"ဟက်..အဲ့လို လိမ်မာမှပေါ့ နောက်တစ်ခါ ကင်မင်ဂယူကို အနိုင်ကျင့်တယ်လို့ အသံကြားလို့ကတော့ ဒီဓားရဲ့ တည်နေရာက မင်းလည်ပင်းပဲ ကြားလား"
ခေါင်းကို ပြုတ်ထွက်မတတ် ငြိမ့်လာတာကြောင့် တစ်ချက်ရယ်ပြီး ရှေ့က ထွက်ခဲ့လိုက်သည်။
တစ်ကိုယ်လုံးကို နက်စွေးနေအောင် ဝတ်ထားတဲ့ ဆော့မင်က ခုမှ ကျောင်းသွားဖို့ သတိရသည်ထင်။
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
