"ပတ်ဂျီဟယ် ဟုတ်တယ်မလား?"
"ဟုတ် ဟုတ်ပါတယ်ရှင့်"
"အီဆော့မင်ကို ငြင်းပေး"
ကျောင်းလာတဲ့လမ်းမှာ ဆော့မင်ဆိုတဲ့ ကောင်လေးရဲ့ သူငယ်ချင်းဖြစ်သူ ကင်မင်ဂယူက ရုတ်တရက်ပြောလာတာမို့ ဘာပြန်ပြောရမှန်းမသိစွာ ကြောင်ကြည့်နေမိသည်။
"ဒီမှာ..."
ပြန်ပြောတဲ့ စကားကိုလည်း ပြန်နားမထောင်ဘဲ ငြင်းပေးဆိုပြီး ထွက်သွားသည်။
'ဘာလဲဟ'
"ဆော့မင်ကို ငြင်းပေး"
မင်ဂယူ ထွက်သွားလို့ မကြာသေး နောက်ကနေ ထွက်လာတဲ့ အသံကြောင့် ကြည့်လိုက်တော့ ဘယ်သူလဲတော့ မသိပေမယ့် ကျောင်းပြောင်းကျောင်းသား ဖြစ်ဟန်တူသည်။
"ဘာလို့ ဘာမှမပြောတာလဲ ငြင်းပေးပါဆိုနော် သူလက်ခံရင်တောင် ငြင်းပေးပါ အကူအညီတောင်းပါတယ်။ လိုချင်တာပြော ကျွန်တော်ပေးမယ် အဓိက က ငြင်းပေးဖို့ပဲ"
"လိုချင်တာ?"
"ဟုတ်တယ် ဘာလိုချင်လဲ ကျွန်တော် အကုန်လုပ်ပေးမယ်"
"လိုချင်တာရယ်တော့ မရှိပေမယ့် တစ်ခုတော့ မေးမယ် ဆော့မင်ကို ဘာလို့ ငြင်းခိုင်းတာလဲ"
မေးလိုက်တော့ ခေါင်းငုံ့ချသွားပြီး တိုးတိုးလေးပြောလာသည်က
"ချစ်လို့"
"ဟင်"
"ချစ်လို့ပါဆို!"
"အဲ့လိုကိုး ဟုတ်ပြီ ကျွန်မ ရှောင်ပေးပါ့မယ်"
သူတို့နှစ်ယောက် စကားပြောနေတာကို နားစွန်နားဖျားကြားသွားတဲ့ တစ်ယောက် ရှိတယ် ဆိုတာ ဂျောင်ဟန် တစ်ယောက် မသိလိုက်ပေ။
//
"ချစ်လို့ပါဆို!"
ဆော့မင် ကျောင်းကို အေးအေးဆေးဆေးလေးသွားနေတုန်း ကြားလိုက်ရတဲ့ ဂျောင်ဟန့်ရဲ့ အသံချိုချိုလေးကြောင့် မျက်ခုံးတန်းတို့ တွန့်ကြုံ့မိသွားရသည်။
'ငါ့ကိုကျရည်းစားမထားနဲ့တဲ့ သူကျ'
စူးစမ်းလိုစိတ်နဲ့ ဘေးဘီဝဲယာ ကြည့်မိတော့ ပတ်ဂျီဟယ်နဲ့ ဂျောင်ဟန် နှစ်ယောက်သား စကားပြောနေကြခြင်း။
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
