^<four>^

157 14 3
                                        

"ချီးပဲ သေစမ်း"

*ခွပ်*

ဆော့မင်ထိုးထားတဲ့ အရှိန်ကြောင့် ရင်းနေတဲ့ အနာကို ဘယ်ကမှန်းမသိတဲ့ အကောင်က ထပ်ထိုးလိုက်ခြင်း။

'မဟုတ်သေးပါဘူးဟာ ငါ့ဘဝက ဘာဖြစ်နေတာလဲ ဆော့မင်ထိုးထားတာတောင် မပျောက်‌သေးတာကို'

စဉ်းစားရင်း နောက်ထပ် ထပ်ရောက်လာတဲ့ လက်ကို ရှောင်လိုက်တော့ အဲ့ကောင်က ခြေထောက်ကို ဖြတ်ကန်တာမို့ ခွေခွေလေးလဲသွားရသည်။

ဘယ်ဘဝက ဝဋ်ကျွေးတွေလည်း မသိဘူး။

ထိုးနေရင်းနဲ့ ထိုသူက ဂျောင်ဟန့်ရဲ့ အင်္ကျီကော်လံကို ဆုပ်ကိုင်ပြီး

"ဒီမှာ ဆောင်းမင်ဆော့"

"ဘာရယ်!"

"အယ် ဆောင်းမင်ဆော့လည်း မဟုတ်ဘူး"

"ယားးး မင်းဟာမင်း ထိုးချင်လည်း လူသေချာကြည့်ထိုးပါလားဟ"

‌အရှေ့က လူမှားပြီး ထိုးတဲ့ကောင်ကို ပြန်ထိုးချင်ပေမယ့် လက်ကလေးတောင် မ ဖို့ အားရှိမနေ

"တကယ် တောင်းပန်ပါတယ်ဗျာ"

"ခွင့်လွှတ်မယ်ထင်လား မင်းကို ရဲစခန်းမှာ တိုင်ပြီး ထောင်ချပစ်မယ်!"

ပြောသာပြောရတာ ဂျောင်ဟန် ခုထိ ကြမ်းပြင်မှာ ငုတ်တုပ်။ ခြေထောက်တွေက နာတာလေ ကျိုးပြီလားမသိဘူး။

ရှေ့က လူက ဒူးထောက်ပြီး လက်အုပ်တွေပါ ကောက်ချီလာတာမို့

"နေ..နေ အဲ့လောက်မလိုဘူး ငါ့ကို ငါ့အခန်းထဲပဲ လိုက်ပို့ပေး ခွင့်လွှတ်ပေးမယ်"

"ဟုတ် ..ဟုတ်"

ပြောလဲပြော ထိုသူက ကူတွဲ လာတာမို့ သူ့ ပခုံးပေါ် လက်တင်လိုက်ပေမယ့်

"ဟိုလေ အကိုလား ဘာလားတော့မသိဘူး ချီလိုက်မယ်နော် ထပ်နာနေမှာစိုးလို့"

"သိတတ်သေးတာပဲ မင်း"

ပြောပြီးပြီးချင်း ကောက်ချီလိုက်တာမို့ အင်္ကျီစကိုသာ ဖွဖွ ဆွဲထားရသည်။ ဒီနေမှာ အီဆော့မင်ဆိုရင် ဖက်ပြီးတာ ကြာပြီ။

//

အခန်းထဲရောက်တော့ ဂျောင်ဟန့်ကိုယ်က ဂျောင်ဟန့်ကို ထိုးတဲ့လူရဲ့ လက်ထဲကနေ အီဆော့မင် ရင်ခွင်ထဲကို ဆွဲသွင်းခြင်း ခံလိုက်ရသည်။

Chasing FoxWhere stories live. Discover now