"ohhhh ယွန်းဂျောင်ဟန် ပြောတာတကယ်ဟ။ အီဆော့မင်က တကယ် ချစ်စရာလေး"
"ဟဲ့ အဲ့တာလား အနိုင်ကျင့်တယ်လို့ သတင်းထွက်တဲ့အီဆော့မင်လား။ ဒီရုပ်လေးက ဆဲတောင် မဆဲတတ်လောက်ဘူး"
"အိုးမို ဆော့မင်နီးလေးလား ငါအရင်ကထဲက မျက်စိကျနေတာ ပိုးပြီ"
ဆော့မင် ကျောင်းထဲကို ဝင်လာကတည်းက တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့ အသံတွေက ယွန်းဂျောင်ဟန်ကို နားကြားမြင့်ကပ် စေသည်။
ဘာတုန်း သူများလူကို ကျူးကျူးကျော်ကျော်တွေ။
ဆော့မင် အခန်းထဲဝင်လာလာချင်း ဂျောင်ဟန့်ဆီ လာမယ် ထင်ပေမယ့် ကင်မင်ဂယူ့ဆီသွားတာကြောင့် ဒေါသက ထွက်ရပြန်သည်။
'ဒီ ခွေးပေါက်ကတော့'
အခန်းထဲ ဝင်လာကတည်းက သူ့ကို လိုက်ကြည့်နေတဲ့ ဂျောင်ဟန့်ကို ဆော့မင် တွေ့ပါသည်။ တွေ့ပေမယ့် သူ့ရှေ့သွားရင်ကို ကြောက်နေလို့။ကင်မင်ဂယူရှေ့ပဲသွားပြီး ပြောစရာရှိတာ ပြောရသည်။
"ဟေ့ကောင် ကင်မင်ဂယူ"
"ယားးးးးး"
"ဟ ဘာဖြစ်တာတုန်း လန့်တာ"
"ချစ်စရာလေး ဖြစ်နေတာကို မင်းက လာပါအုံး ငါနမ်းအုံးမယ်"
*မွ*
ကင်မင်ဂယူ အားကြီးကို ဆော့မင်လည်း မရုန်းနိုင် လက်လျော့လိုက်ပြီး ငြိမ်ငြိမ်နေမိသည်။
"တော်တော့နော်..လိမ်မာပါတယ် အရင်ကလည်း မနမ်းဖူးတာမှမဟုတ်ဘဲ"
*ဒုန်း*
အသံက ဆော့မင်ထံမှ မဟုတ် ကင်မင်ဂယူထံမှ။ ဘယ်လိုဖြစ်တာလဲဆိုရင် ယွန်းဂျောင်ဟန်က ကင်မင်ဂယူကို တွန်းလိုက်ခြင်း။
မင်ဂယူက ကြမ်းပြင်ပေါ် လဲကျသွားတော့ တစ်ခန်းလုံးရဲ့ အာရုံက ဆော့မင်တို့ဆီမှာ
ကင်မင်ဂယူကလေ သူ့ဗလတွေကို ဆော့မင်ကို ပိုပိုပေးတဲ့နေရာမှာပဲ သုံးတာလားမသိ။ ပိုက်ဆံလုခံရတာလည်းသူ။ အတွန်းခံရတာလည်းသူ။ ဂျောင်ဟန်ကတွန်းတာတောင် လဲတယ်ဆိုတော့!
တွေးရင်းတွေးရင်းနဲ့ ကင်မင်ဂယူကို ထူပေးတော့ အဲ့ကောင်က မ ထ။
YOU ARE READING
Chasing Fox
Fanfiction"ယုန်လေးလို့ထင်နေတာ ဖမ်းရခက်တဲ့ မြေခွေးလေး ဖြစ်နေတာပဲဗျာ" "မြေခွေးလေးဆိုရင်ရော မချစ်ဘူးလား"
